Category Archive Miscellaneous

wifi

Wireless Router ဘယ်လောက်ဝေးဝေးမိသလဲ

Wireless မှာ လက်ရှိပြဿနာက Wireless ပစ္စည်းတစ်ခုကို မေးတဲ့အခါ ဒါဘယ်လောက် ဝေးဝေးသွားသလဲ၊ အုတ်နံရံဘယ်နှစ်ချပ် ဖေါက်သလဲ၊ အသုံးပြုသူတွေက သိချင်ကြတာပါ။ ဒါကဖြင့် ဘယ်နှစ်မီတာသွားပါတယ်ပြောလိုက်ပြန်ရင်လည်း သူတို့နေရာက ဘယ်လိုမှန်းမသိ။ နံရံကလဲ ဘယ်လောက်ထူမှန်းမသိ၊ တောင်ကုန်းလား၊ ချိုင့်ဝှမ်းအောက်ထဲလား အဲသည်လို မေးခွန်းတွေ ပြန်မေးပြန်ရတာလည်းအဆင်မပြေ။ တချို့ဆိုရင် built-in 2dbi antenna လေးနဲ့ SOHO router အလွန်ဆုံး output power က 200mili-watt လောက်ပဲထွက်မယ့်ဟာကို မီတာ 500 ပတ်လည်မိတယ်ဆိုပြီး ပြောရောင်းတာတွေလည်းရှိတတ်ပါတယ်။ တချို့ကျ external antenna အကြီးသာ တပ်လိုက်မယ်ဆိုရင် နဂိုထက် signal ပိုကောင်းလာမယ်လို့လည်းထင်တတ်ပါတယ်။ မှန်တယ်လို့ပြောမရသလို မှားတယ်တော့လဲ ဒုံးတိ ပြောလိုက်လို့ မရပြန်ဘူး။ Antenna ရဲ့ dbi ကိုကြည့်ရမယ်။ Wireless Router ဒါမှမဟုတ် Access Point ရဲ့ output power ကိုကြည့်ဖို့လိုဦးမယ်။ လက်ရှိဈေးကွက်ထဲမှာ အသုံးများနေတဲ့ Outdoor Wifi Access Point တွေမှာ များသောအားဖြင့် 600mw ထွက်တဲ့အတွက် Signal အားပြင်းသလို Antenna အကြီးတွေကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ အစပိုင်းကပြောခဲ့တဲ့ ဘယ်လောက်ဝေးဝေးမိသလဲဆိုတာက ဘယ်နေရာမှာဆင်ထားသလဲ ဆိုတာပေါ်မှာ အများကြီးမူတည်ပါတယ်။ ပတ်ပတ်လည်မိစေချင်ရင် Omni Antenna ကိုသုံး၊ တခြမ်း သို့မဟုတ် မျက်နှာမူရာ အရပ်တစ်ခုကိုသာ သွားစေချင်တယ်ဆိုရင် Directional Antenna တွေကို သုံးရမှာပေါ့။ Antenna ကြိုး တပ်ဆင်ပုံနဲ့၊ ကြိုးရဲ့ အတိုအရှည်ပေါ်မှာလဲ အနည်းငယ် သက်ရောက်မှု ရှိနေပါသေးတယ်။ Antenna ကြိုးရှည်လေ Signal Loss ဖြစ်နိုင်ချေများလေပဲ။
မော်ကျားမော်၊စိမ်းကျားပြာ၊ပြာကျားစိမ်း၊ညိုကျားညို၊ ဒါမှမဟုတ် ဖြူမော်မော်၊ဖြူစိမ်းပြာ၊ဖြူပြာစိမ်း၊ဖြူညိုညို ကိုယ်သန်သလို ကိုယ်ရွတ်ပြီးမှတ်ထားကြတဲ့ Twisted Pair တွေကနေတဆင့် သုံးနိုင်တဲ့ PoE (Power over Ethernet) ဆိုတဲ့ဟာလေးကြောင့် Outdoor Devices တွေအတွက် ပါဝါပေးဖို့ကို ခေါင်းစားစရာ သိပ်မရှိတော့ပါဘူး။ Network ကြိုးပေါ်မှာပဲ power ရော data ပါ တခါထည်း ရောကြိတ်ထည့်လိုက်တဲ့အတွက် မီတာ ၁၀၀ လောက်အတွင်း ပါဝါကို ထောက်ပံ့ပေးနိုင်ပါရဲ့။ တခုရှိတာက 1,3,2,6 ကြိုးတွေမှာ data သွားပြီး 7,8 မှာ power သွားတာမို့လို့ ကြိုးကိုမှားမကိုက်မိဖို့ပါပဲ။ WiFi Devices တွေကို ချိတ်ဆက်ဖို့ရာမှာ အရေးကြီးတာက Line of Sight လို့ဆိုတဲ့ လှမ်းမြင်နေရတဲ့အနေအထား ရှိနေဖို့ပါပဲ။ ( Outdoor တွေမှာဆိုရင်ပေါ့ ) ဟိုဘက်သည်ဘယ် Point to Point ထိုးတော့မယ်ဆိုရင် ကြားထဲမှာ ဘာတွေခံနေမလဲဆိုတာ သတိထားပြီး ရှောင်ရှားဖို့လိုပါမယ်။ သစ်ပင်၊ ရေအိုင်၊ မှန်ချပ် စတာတို့ဟာ မထင်ရပေမယ့် WiFi Signal တွေကို အနှောင့်အယှက်ပေးနိုင်တဲ့အထဲမှာ ရှေ့ဆုံးကပါဝင်နေတဲ့အတားအဆီးတွေပါ။ Line of Sight တော့ရှိပါရဲ့ Freshnel Zone ကျဉ်းနေရင် လိုသလောက် Signal မရောက်တာမျိုးနဲ့ ကြုံတွေ့နိုင်ပါသေးတယ်။ Freshnel Zone ဆိုတာက Antenna ကနေ signal စထွက်တဲ့နေရာ အကျယ်အ၀န်းကိုပြောတာဖြစ်ပါတယ်။ သည်ဖက်လည်း ၁၀ ထပ်တိုက်၊ ဟိုဖက်လည်း ၁၀ ထပ်တိုက် ကြားထဲမှာဘာမှလဲမခံဘူး၊ Antenna ကလဲ အားအပြင်းသုံးထားပါရဲ့နဲ့ signal ကထင်သလောက်မကောင်းဘူး။ တချို့က n router(802.11/n) ဆိုပြီး 300mbps မရပါလားပေါ့။ ဘယ်ဟုတ်မလဲ draft n ဖြစ်နေတာကိုး။ သူက 150mbps ပဲရပါတယ်။ 802.11/g ဆိုရင် 54 mbps ရပြီး super 802.11/g mode နဲ့သုံးရင် 108mbps အထိရနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာက Internet Connection Sharing သုံးဖို့ပဲဆိုရင်တော့ n router နဲ့ g router က ဘာမှသိပ်ကွာမှာမဟုတ်ပါဘူး။ 802.11/n router ကြီးသုံးလိုက်လို့ အင်တာနက်ကြီးကဖြင့် သိပ်မြန်သွားတယ်ဆိုတာတော့ မကြားဘူးသေးပါဘူး။
802.11/n router တွေကို တကယ်လိုအပ်တဲ့သူတွေက wireless နဲ့ lan ချိတ်ပြီး ဂိမ်းဆော့ချင်တဲ့သူတွေ၊ files & resources sharing လုပ်ချင်တဲ့လူတွေ၊ တနည်းပြောရရင် Wireless Connection ပေါ်မှာ Data မြန်မြန်နဲ့ များများ သွားချင်တဲ့သူတွေအတွက်ပဲ ပိုအသုံးများကြပါတယ်။ Suggession အနေနဲ့ပေးရမယ်ဆိုရင်တော့ Ubiquiti Product တွေဟာဒီဘက်အနေနဲ့ဆို ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ Range ဝေးဝေးထိ ပစ်ချင်တဲ့သူတွေအတွက်လည်း 15km လောက်ထိ range ကောင်းတဲ့ Ubiquiti ( Wifi ) Product တွေရှိပါတယ်။

နောက်တစ်ပိုင်းကျရင်တော့ Wireless Standard တွေအကြောင်းတီးမိခေါက်မိထားသမျှတင်ပေးပါ့မယ်။
#NOVA_COMPUTER_TRAINIG

Tags, , ,

Cyber Forensics – Part 1

What is Cyber Forensics ?

CERT ကနေအဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ …. Network or information System တစ်ခုကို ကိုင်တွယ်နေရသူတစ်ယောက်ဟာForensics အခြေခံကို နားလည်ရမယ်လို့ ဆိုပါတယ်။ ပိုမိုပြည်စုံအောင်ဖွင့်ဆိုမယ်ဆိုရင်သိပ္ပံနည်းပညာဆိုင်ရာအချက်အလက်တွေကို အသုံးချပြီး အချက်အလက်တွေကိုစစ်ဆေးခြင်းသက်သေတွေကိုစုစည်းခြင်းတို့ဖြစ်ပါတယ်။ သက်သေတွေကို စုစည်းခြင်း ဆိုတာကတော့ DNA fingerprint တို့ကို စစ်ဆေး စုစည်းခြင်းကဲ့သို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာကတော့ data တွေကို စစ်ဆေးပြီး သက်သေ ခံရှာဖွေခြင်းဖြစ်ပါတယ်။

Forensics မှာ အဓိက လုပ်ငန်းကတော့ ငုပ်လျှိုးနေတဲ့ အချက်အလက်တွေကို ရှာဖွေဖော် ထုတ်ခြင်းဖြစ်ပါတယ်။ဖော်ထုတ်တယ်ဆိုတာမှာ RECOVERY လုပ်ခြင်းအပိုင်းအပါအ၀င် နည်းအမျိုးမျိုးရှိပါတယ်.။ ဥပမာ… ကွန်ပျူတာပေါ်မှာကျန်ခဲ့တဲ့ လက်ဗွေ… DNA ယူခြင်းဟာလည်း Forensics အပိုင်းမှာပါဝင်ပါတယ်။ CyberForensicsမှာအဓိကအချက်၂ရှိပါတယ်။
ပထမအချက်
ဖမ်းဆည်ရမဲ့သူဟာ…. ဖမ်းဆည်းနေချိန်မှာ Electronic Device ကိုအသုံးပြုနေပြီး ဘာတွေလုပ်ဆောင်နေသလဲ ဥပမာ online လောင်းကစားလုပ်နေတာလား စသည်ဖြစ်ပေါ့ …. ပြီးရင် Website ကိုအသုံးပြုပြီးလုပ်ဆောင်နေတာလား Software ကိုအသုံးပြုပြီးလုပ် ဆောင်နေတာ လားဆိုတာ ကြည့်ရပါမယ်။ Electronic Deviceဆိုသည်မှာ PC, Laptop, Tablet, mobile phone, GPS, CD, DVD, SD Card, USB, Router, Switch, Server, IoT device စသည်ဖြင့် ပါဝင်ပါတယ်…. (ဘာလို့ Internet of things (IOT) ကို ထည့်ရသလဲဆိုရင် IoT device တွေပေါ်ကနေ crime ကျူးလွန်နိုင်လို့ဖြစ်ပါတယ် …
အချို့သော နိုင်ငံတွေရဲ့ Cyber Law မှာ IOT Device အတွက်ပါ ထည့်သွင်းရေးဆွဲထားတာကို တွေကရှိရပါသည်။)

ဒုတိယအချက်
ပထမအချက် လုပ်ဆောင်ချက်တွေကို စစ်ဆေးပြီး တရားရုံးသို့ တင်နိုင်မဲ့ သက်သေခံယူရမှာဖြစ်ပါတယ်…အရေးကြီးတဲ့အချက် ၂ ချက်ကျန်ပါသေးတယ်။

ပထမ

စစ်ဆေးပြီး သက်သေခံရှာဖွေပြီး တာနဲ့မပီးသေးပါဘူး သက်သေခံ Device ကို မပျက်စီးအောင်သိမ်းဆည်းရမှာဖြစ်ပါတယ်…စစ်ဆေးတဲ့နေရာမှာလဲ သိမ်းဆည်းထားတဲ့ မူရင်း Device ကိုမပျက်စီးစေပဲ  ဘယ်လိုထိမ်းသိမ်းမှာလဲ ဘယ်လိုမှတ်သားထားမှာလဲ Case အလိုက်ရက်စွဲအလိုက်မှတ်သားထားမှာလား?
ဘယ်သူက ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုနည်းလမ်းအသုံးပြုပြီး စစ်ဆေးမှာလဲဆိုတာကိုလဲ …အသေးစိတ် မှတ်တမ်းထားရှိရမှာဖြစ်ပါတယ်။

(သိမ်းဆည်စဉ်မှာ အခြေအနေအရ စစ်ဆေးတာ သက်သေယူတာက
မပြီးသေးဘူးဆိုရင် … Device ကို Power ပိတ်ယူမှာလား …ဖွင့်ယူမှာလား ….ရှိပါသေးတယ် .. Computer Forensic အပိုင်းကျမှ အသေးစိတ်ဖြစ်အောင် ရေးသားပါမယ်)

ဒုတိယ….
ရရှိလာတဲ့သက်သေတွေကို ရှင်းရှင်းလင်းလင်း ခိုင်ခိုင်လုံလုံဖြစ်အောင်ရေး မယ် … ပြီးရင် သက်သေခံ Device နဲ့တစ်ကွ တရားရုံကို တင်မယ် ..

နောက် post တွေမှာ Example ပုံစံတွေ …. အသေးစိတ်လိုက်နာရမဲ့အပိုင်းတွေ စစ်ဆေးရမဲ့နည်းလမ်းတွေ(အကျဉ်းချုပ်ပေါ့)ကိုရေးသားပေးပါမယ်..

Hypothesis လို့ခေါ်တဲ့ ထင်မြင် ယူဆချက်အကြောင်းလာပါပြီ …..

Case တစ်ခုအတွက်ဖမ်းဆီးပြီး သက်သေခံ Device (Laptop ပဲဆိုကြပါစို့) ကိုသိမ်းထားလိုက်ပြီး
ဥပမာ … ကလေးသူငယ်ပုံတွေကိုတင်ပြီး အွန်လိုင်းကနေ လိင်အကြမ်းဖက်လုပ်ဆောင်တဲ့အမှုပေါ့ ….

လုပ်ဆောင်တဲ့သူကဒီလူပဲဆိုတာလဲသေချာသလောက်ရှိနေပြီး…. laptop ကိုအသုံးပြုပြီး ပြစ်မှုကျူးလွန်တယ်လို့လဲယူဆတယ်….ခက်တာကသိမ်းဆည်းမိတဲ့LaptopကWindow ပြန်တင်ထားတာမကြာသေးဘူး ….. ….ကဲယူဆချက်တော့ရှိပြီးသက်သေခံအချက်အလက်ကမရသေးဘူး…ကဲ.. ဘာလုပ်မလဲ …. laptop အသုံးပြုထားတဲ့ Time … Window ပြန်တင်ထားတဲ့အချိန်ကို ကြည့်မယ် …. ပြီးရင် …. Storage Device ဖြစ်တဲ့ Hard Disk ဒါမှမဟုတ် SSD ပေါ့  …. အဲဒါတွေရဲ့ Power On Time စစ်မယ် …
HD or SSD ၇ဲ့ Health ကိုစစ်မယ် …. စစ်ဆေးနေတုန်း… HD ကြွသွားရင် လုံးဝအဆင်မပြေနိုင်ဘူးလေ….

အရေးအကြီးဆုံးအချက်ကတော့ … မူရင်း HD or SSD ကနေ Clone ယူပြီး စစ်ဆေးတာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ် …ဒါမှ သက်သေခံလဲ မပျက်စီးပဲ တရားရုံးမှာပြနိုင်မယ် ….

အခြေအနေအရ clone ပဲယူယူ .. မူရင်းကိုပဲစစ်စစ် …. Recovery တွေ Undelete နည်းလမ်းတွေနဲ့အဆင်မပြေဘူး ….ကဲ … ဘာလုပ်မလဲ ထင်မြင်ယူဆတာနဲ့လွဲနေပြီး …. ဒါဆိုရင် ကိုယ်က ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီးပြီးလဲ ….နောက်ထပ် သိပ္ပံနည်းကျ ဘယ်လိုနည်းလမ်းတွေကို အသုံးချပြီး သက်သေခံရအောင်ယူမလဲ …. မိမိကျွမ်းကျင်မှု အလိုက်အသုံးချရမှာဖြစ်ပါတယ် …….

Author – Aung Zaw Myo

Tags, , , , ,

docky

Dock Application: Docky

ဒီနေ့ ကျွန်တော်ရေးချင်တာလေးကတော့ openSuSE အသုံးပြုသူတွေအတွက် Trick လေးတစ်ခုပါ။ OpenSuSE 42.2 ရဲ့ GNOME Desktop မှာ Dock bar လေးဟာ ဘယ်ဘက်မှာ Default အနေနဲ့ ကပ်ပြီးပေါ်ပါတယ်။ အဲဒါဆို Dock လေးကိုတခြားနေရာတွေကို ရွေ့ဖို့ဆို အဆင်မပြေတာတွေ့ရပါလိမ့်မယ်။ အချို့ Linux Distro တွေမှာတော့ Dock Bar လေးကို Right click ထောက်ပြီး Bottom, Top, Right စသည်ဖြင့် ရွေ့လို့ရပါတယ်။ သို့ပေမယ့် openSuSE 42.1 မှာတော့ အဆင်မပြေပါဘူး။ Right Click ပေးပေမယ့် တက်မလာပါဘူး။ အဲဒါကို အဆင်ပြေအောင်ဆို GNOME Dock မှာ ==> ON လိုက်ပါ။
အဲဒါဆို Dock မှာ Right Click ထောက်ပြီး လိုရာကို ရွေ့နိုင်ပါပြီ။

နောက်တစ်နည်းကတော့ ပုံထဲကလို ဒီဇိုင်းလှလှလေးနဲ့ မြင်ချင်တယ်ဆိုရင်တော့

openSuSE software မှာ Docky ဆိုတဲ့ one click install ဖိုင်လေးကို Download လုပ်လိုက်ပါ။

သူ့ကို Run ပြီး လိုချင်တဲ့ Setting လေးကို ချိန်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
Docky မှာ Application တွေကို pin လုပ်ထားချင်ရင်တော့ လုပ်ချင်တဲ့ Application ကို ဖွင့်ပါ ပြီးရင် Right Click => Pin to Docky ဆိုရင် ရပါပြီ ခင်ဗျာ။

By Nova

Ref: google.com, software.opensuse.org

Tags, , , , ,