Category Archive HowTo

Linux Shell Scripting – Part 2

Creating And Executing Script

Hello World

အရိုးရှင်းဆုံးသော hello world လေး စရေးကြမယ်။ ကြိုက်နှစ်သက်ရာ Text Editor ကို သုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ vi editor လေးသုံးတာ အကျင့်များနေလို့ vi ကို သုံးပါ့မယ်။

ကိုယ်ဘယ်နေရာရောက်နေတာလဲ pwd လေးနဲ့ ကြည့်မယ်။ ကိုယ်လေ့ကျင့်မဲ့ script လေးတွေကို တစ်စုတစည်းထဲ သိမ်းထားတော့ ပိုအဆင်ပြေတာပေါ့။ ကိုယ့်ရောက်နေတဲ့ နေရာလေး မှတ်ထား၊ script လေးတွေ စုထားရအောင်လို့ mkdir လေးနဲ့ directory လေးဆောက်။ vi hello.sh လေးဖွင့် အောက်က script လေး ထည့်လိုက်ပါမယ်။

#!/bin/bash

#hello world bash scirpt

echo “Hello World”

exit 0

script လေးကို execute( run ) မလုပ်ခင်။ ဒီ စာလေး လေးတွေအရင် ရှင်းပါ့မယ်။  

#!/bin/bash – ဆိုတာက script ရဲ့ ပထမဆုံးစာကြောင်းလေးဖြစ်ပါတယ်။ မဖြစ်မနေထည့်သင့်တဲ့ စာကြောင်းလေးပါ။ သူ့ကို shebang လို့ သုံးနှုန်းကြပါတယ်။ bash scripting မှာ  # sign လေးဟာ comment ပိတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် shebang မှာတော့ သူရဲ့ တစ်ခုထဲသော အကျုံးမ၀င်တဲ့ comment ဖြစ်နေပါတယ်။ ဆိုလိုတာက script ရဲ့ အခြားစာကြောင်းတွေမှာ # နဲ့ စရင် အလုပ်မလုပ်ပေမယ့် shebang ကတော့ script ကို system က execute လုပ်သွားပါလိမ့်မယ်။ ဒါလေးမထည့်ရင် ပြဿနာရှိသလားဆိုတော့ ရှိတယ်ပဲ ပြောရမှာပေါ့။ ကျွန်တော်တို့ရဲ့ script လေးကို shebang လေးသာမရှိရင် current shell မှာ အလုပ်လုပ်ပေမယ့် အခြား shell ပြောင်းလိုက်ရင် ပြဿနာရှိလာနိုင်တဲ့အတွက် ထည့်သင့်တယ်။ ထည့်ရမယ်လို့ပဲ မှတ်ထားတာကောင်းပါတယ်။

echo “Hello World”echo ဆိုတဲ့ command က  Linux မှာ standard output ( STDOUT ) ကို ထုတ်ပေးတဲ့  built-in shell တစ်ခုပါ။ ကိုယ်ထုတ်ချင်တဲ့ output ကို double quotes လေး ခံရေးပြီး ထုတ်နိုင်ပါတယ်။

exit 0exit က script ကနေ leave/exit ထွက်မယ်လို့ပြောတဲ့ built-in command တစ်ခုပါ။ exit မှာ code လေးတွေ ရှိပါတယ်။ 0 မဟုတ်ပဲ တခြားတစ်ခုခုဆိုရင် script execution မှာ error ပါတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

Executing Script

အထက်က ရေးသားခဲ့တဲ့ script ဖိုင်လေးကို execute/run ဖို့ နည်းလမ်းနှစ်ခု အသုံးပြုလေ့ရှိပါတယ်။ အသုံးအများဆုံးကတော့ script ကို execut permission ပေးပြီး ./ နဲ့ run ခြင်းဖြစ်ပါတယ်။ permission ပေးတဲ့ command လေးကတော့ မမေ့ဘူးထင်ပါတယ်။ chmod ပါ၊ execution ဆိုတော့ +x ပေးလိုက်ပေါ့( Linux permission ကိုတော့ အကျယ်မရေးတော့ပါဘူး )။

နောက်တစ်မျိုးကတော့ execute permission မပေးပဲ bash command နဲ့ တန်းပြီး run ခြင်းဖြစ်ပါတယ်။  

Exit status ကိုလည်း စစ်ဆေးလို့ရပါတယ်။ $? ဆိုတဲ့ variable လေး သုံးပြီး ထုတ်နိုင်ပါတယ်။ output က 0 လေး ပြပါလိမ့်မယ်။ error ကင်းကင်းနဲ့ execution ဖြစ်သွားတယ်လို့ ယူဆနိုင်ပါတယ်။

နောက်ထပ် သတိမထားမိတာလေးတစ်ခုကတော့ script ကို အမည်ပေးခြင်းဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ အမည်ပေးလို့ အဆင်ပြေပေမယ့် Linux ရဲ့ ရှိပြီးသား alias, fuctions, keywords, building command တွေနဲ့ တူတာကိုတော့ ရှောင်ရပါမယ်။ နောက်တစ်ခုက script မှာ sh အဆုံးသတ် ( extension ) လေး ထည့်သင့်မထည့်သင့်ပေါ့။ ထည့်တာအကောင်းဆုံးပါ။ ဘာကြောင့်ဆို Linux မှာ extension ကို part of filename အနေနဲ့ပဲ သတ်မှတ်ထားတာပါ။ ဆိုတော့ sh လေး ထည့်လိုက်ခြင်းဟာ unique name တစ်ခု ရသွားနိုင်သလို၊ text editor တွေကို syntax highlighting မှာ များစွာ အထောက်အကူဖြစ်သွားပါတယ်။

နောက်တစ်ပိုင်းမှာတော့ argument နဲ့ script ကို run တာလေး ဆက်ပါမယ်..

By Nova

Tags, , , , ,

wifi

Wireless Router ဘယ်လောက်ဝေးဝေးမိသလဲ

Wireless မှာ လက်ရှိပြဿနာက Wireless ပစ္စည်းတစ်ခုကို မေးတဲ့အခါ ဒါဘယ်လောက် ဝေးဝေးသွားသလဲ၊ အုတ်နံရံဘယ်နှစ်ချပ် ဖေါက်သလဲ၊ အသုံးပြုသူတွေက သိချင်ကြတာပါ။ ဒါကဖြင့် ဘယ်နှစ်မီတာသွားပါတယ်ပြောလိုက်ပြန်ရင်လည်း သူတို့နေရာက ဘယ်လိုမှန်းမသိ။ နံရံကလဲ ဘယ်လောက်ထူမှန်းမသိ၊ တောင်ကုန်းလား၊ ချိုင့်ဝှမ်းအောက်ထဲလား အဲသည်လို မေးခွန်းတွေ ပြန်မေးပြန်ရတာလည်းအဆင်မပြေ။ တချို့ဆိုရင် built-in 2dbi antenna လေးနဲ့ SOHO router အလွန်ဆုံး output power က 200mili-watt လောက်ပဲထွက်မယ့်ဟာကို မီတာ 500 ပတ်လည်မိတယ်ဆိုပြီး ပြောရောင်းတာတွေလည်းရှိတတ်ပါတယ်။ တချို့ကျ external antenna အကြီးသာ တပ်လိုက်မယ်ဆိုရင် နဂိုထက် signal ပိုကောင်းလာမယ်လို့လည်းထင်တတ်ပါတယ်။ မှန်တယ်လို့ပြောမရသလို မှားတယ်တော့လဲ ဒုံးတိ ပြောလိုက်လို့ မရပြန်ဘူး။ Antenna ရဲ့ dbi ကိုကြည့်ရမယ်။ Wireless Router ဒါမှမဟုတ် Access Point ရဲ့ output power ကိုကြည့်ဖို့လိုဦးမယ်။ လက်ရှိဈေးကွက်ထဲမှာ အသုံးများနေတဲ့ Outdoor Wifi Access Point တွေမှာ များသောအားဖြင့် 600mw ထွက်တဲ့အတွက် Signal အားပြင်းသလို Antenna အကြီးတွေကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ အစပိုင်းကပြောခဲ့တဲ့ ဘယ်လောက်ဝေးဝေးမိသလဲဆိုတာက ဘယ်နေရာမှာဆင်ထားသလဲ ဆိုတာပေါ်မှာ အများကြီးမူတည်ပါတယ်။ ပတ်ပတ်လည်မိစေချင်ရင် Omni Antenna ကိုသုံး၊ တခြမ်း သို့မဟုတ် မျက်နှာမူရာ အရပ်တစ်ခုကိုသာ သွားစေချင်တယ်ဆိုရင် Directional Antenna တွေကို သုံးရမှာပေါ့။ Antenna ကြိုး တပ်ဆင်ပုံနဲ့၊ ကြိုးရဲ့ အတိုအရှည်ပေါ်မှာလဲ အနည်းငယ် သက်ရောက်မှု ရှိနေပါသေးတယ်။ Antenna ကြိုးရှည်လေ Signal Loss ဖြစ်နိုင်ချေများလေပဲ။
မော်ကျားမော်၊စိမ်းကျားပြာ၊ပြာကျားစိမ်း၊ညိုကျားညို၊ ဒါမှမဟုတ် ဖြူမော်မော်၊ဖြူစိမ်းပြာ၊ဖြူပြာစိမ်း၊ဖြူညိုညို ကိုယ်သန်သလို ကိုယ်ရွတ်ပြီးမှတ်ထားကြတဲ့ Twisted Pair တွေကနေတဆင့် သုံးနိုင်တဲ့ PoE (Power over Ethernet) ဆိုတဲ့ဟာလေးကြောင့် Outdoor Devices တွေအတွက် ပါဝါပေးဖို့ကို ခေါင်းစားစရာ သိပ်မရှိတော့ပါဘူး။ Network ကြိုးပေါ်မှာပဲ power ရော data ပါ တခါထည်း ရောကြိတ်ထည့်လိုက်တဲ့အတွက် မီတာ ၁၀၀ လောက်အတွင်း ပါဝါကို ထောက်ပံ့ပေးနိုင်ပါရဲ့။ တခုရှိတာက 1,3,2,6 ကြိုးတွေမှာ data သွားပြီး 7,8 မှာ power သွားတာမို့လို့ ကြိုးကိုမှားမကိုက်မိဖို့ပါပဲ။ WiFi Devices တွေကို ချိတ်ဆက်ဖို့ရာမှာ အရေးကြီးတာက Line of Sight လို့ဆိုတဲ့ လှမ်းမြင်နေရတဲ့အနေအထား ရှိနေဖို့ပါပဲ။ ( Outdoor တွေမှာဆိုရင်ပေါ့ ) ဟိုဘက်သည်ဘယ် Point to Point ထိုးတော့မယ်ဆိုရင် ကြားထဲမှာ ဘာတွေခံနေမလဲဆိုတာ သတိထားပြီး ရှောင်ရှားဖို့လိုပါမယ်။ သစ်ပင်၊ ရေအိုင်၊ မှန်ချပ် စတာတို့ဟာ မထင်ရပေမယ့် WiFi Signal တွေကို အနှောင့်အယှက်ပေးနိုင်တဲ့အထဲမှာ ရှေ့ဆုံးကပါဝင်နေတဲ့အတားအဆီးတွေပါ။ Line of Sight တော့ရှိပါရဲ့ Freshnel Zone ကျဉ်းနေရင် လိုသလောက် Signal မရောက်တာမျိုးနဲ့ ကြုံတွေ့နိုင်ပါသေးတယ်။ Freshnel Zone ဆိုတာက Antenna ကနေ signal စထွက်တဲ့နေရာ အကျယ်အ၀န်းကိုပြောတာဖြစ်ပါတယ်။ သည်ဖက်လည်း ၁၀ ထပ်တိုက်၊ ဟိုဖက်လည်း ၁၀ ထပ်တိုက် ကြားထဲမှာဘာမှလဲမခံဘူး၊ Antenna ကလဲ အားအပြင်းသုံးထားပါရဲ့နဲ့ signal ကထင်သလောက်မကောင်းဘူး။ တချို့က n router(802.11/n) ဆိုပြီး 300mbps မရပါလားပေါ့။ ဘယ်ဟုတ်မလဲ draft n ဖြစ်နေတာကိုး။ သူက 150mbps ပဲရပါတယ်။ 802.11/g ဆိုရင် 54 mbps ရပြီး super 802.11/g mode နဲ့သုံးရင် 108mbps အထိရနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာက Internet Connection Sharing သုံးဖို့ပဲဆိုရင်တော့ n router နဲ့ g router က ဘာမှသိပ်ကွာမှာမဟုတ်ပါဘူး။ 802.11/n router ကြီးသုံးလိုက်လို့ အင်တာနက်ကြီးကဖြင့် သိပ်မြန်သွားတယ်ဆိုတာတော့ မကြားဘူးသေးပါဘူး။
802.11/n router တွေကို တကယ်လိုအပ်တဲ့သူတွေက wireless နဲ့ lan ချိတ်ပြီး ဂိမ်းဆော့ချင်တဲ့သူတွေ၊ files & resources sharing လုပ်ချင်တဲ့လူတွေ၊ တနည်းပြောရရင် Wireless Connection ပေါ်မှာ Data မြန်မြန်နဲ့ များများ သွားချင်တဲ့သူတွေအတွက်ပဲ ပိုအသုံးများကြပါတယ်။ Suggession အနေနဲ့ပေးရမယ်ဆိုရင်တော့ Ubiquiti Product တွေဟာဒီဘက်အနေနဲ့ဆို ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ Range ဝေးဝေးထိ ပစ်ချင်တဲ့သူတွေအတွက်လည်း 15km လောက်ထိ range ကောင်းတဲ့ Ubiquiti ( Wifi ) Product တွေရှိပါတယ်။

နောက်တစ်ပိုင်းကျရင်တော့ Wireless Standard တွေအကြောင်းတီးမိခေါက်မိထားသမျှတင်ပေးပါ့မယ်။
#NOVA_COMPUTER_TRAINIG

Tags, , ,

LAMP Stack on OpenSuSE ( Web Server )

Web Server အကြောင်းကို အရင်ဆုံးနားလည်အောင်ပြောရမယ်ဆိုရင် Web Server မှာ Web Object များကိုသိမ်းဆည်းပေးထားပြီး Client တွေကတောင်းဆိုလာတဲ့ တနည်းအားဖြင့် Request လုပ်လာတဲ့ HTTP Object များကို ပြန်လည်၍ ဖန်းတီးပေးခြင်းကို ပြုလုပ်ပေးပါတယ်။ အကယ်၍ မိမိ၏ Network အတွင်း၌ Web Server ကိုထည့်သွင်းထားပါက ၄င်း Sever အတွင်းရှိ Web Object များကို ပြင်ပ Network ရှိ User များနှင့် မိမိ Network အတွင်းရှိ User ၏ Web Agent ဖြစ်သော Browser များမှ တဆင့် Request လုပ်လိုက်သော HTTP Object များကို ပြန်လည်၍ ဖန်တီးပေးမှာပဲဖြစ်ပါတယ်။

လွယ်လွယ်နဲ့ရှင်းရှင်းပြောရရင်တော့ www.opensusemm.com ဆိုတဲ့ domain name နဲ့ Website တစ်ခုကို မိမိ web server ထဲမှာ

ထည့်ပြီး တည်ဆောက်ထားမယ်ဆိုရင် တခြား Network တူ user တွေကနေ ခေါ်ကြည့် လို့ရအောင် မိမိ Website ကိုတည်ဆောက်ပြီး

Public ပြုလုပ်ဖို့ရာအတွက်အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်။

Step 1: Update Software for openSUSE Leap 42.2

ပထမဆုံးအနေနဲ့ Opensuse 42.2 မှာပါတဲ့ Software တွေကိုတင်ပြီးတာနဲ့ Update ပေးဖို့လို ပါတယ်။ Software Update ပေးဖို့အတွက် –

#zypper update

ဆိုတဲ့ command အတိုင်းသာ update ပေးလိုက်ပါ။

Step 2: Install Apache Web Server

Apache Web Server ကို နောက်တဆင့်အနေနဲ့ install လုပ်ရပါမယ်။ Command အနေနဲ့ကတော့ –

#zypper install apache2

အထက်က command အတိုင်းရိုက်ပြီးသွားရင်တော့ auto install လုပ်သွားပါလိမ့်မယ်။ Install လုပ်တာပြီးသွားပြီဆိုတာနဲ့ အောက်က command အတိုင်းရိုက်ပြီး apache2 service ကို Start လုပ်ပေးရပါမယ်။

#systemctl start apache2

နောက်ထပ်အနေနဲ့ boot တက်လာတိုင်း apache2 service auto start ဖြစ်အောင် အောက်ပါ command အတိုင်းရိုက်လိုက်ပါ။

#systemctl enable apache2

အပေါ်ကအဆင့်တွေကို ပြီးသွားရင်တော့ apache2 service က active ဖြစ်/မဖြစ် ဘယ်လို error တွေရှိနေသလား? ဆိုတာတွေကို check လုပ်ဖို့အတွက် အောက်က command အတိုင်း ရိုက်ပေးရပါမယ်။

#systemctl status apache2

အပေါ်မှာပြထားတဲ့အတိုင်း apache2 service က active running ဖြစ်နေပြီဆိုရင်တော့ apache2 install ပြုလုပ်တဲ့အပိုင်းပြီးပါပီ။pache2 installation အပိုင်းသွားပြီဆိုရင် HTTP အတွက် firewall rule ကို သွားပြင်ပေးရမှာဖြစ်ပါတယ်။

#vi /etc/sysconfig/SuSEfirewall2

ကိုသွားပြီးတော့ SuSEfirewall2 ထဲက

FW_CONFIGURAION_EXT=”apache2 ”

apache2 ဆိုတာလေး ထည့်ပေးလိုက်ပါ။

ထည့်ပြီးသွားပြီဆိုရင်တော့ Save လုပ်ပြီးထွက်လိုက်ပါ။
ပြီးရင် SuSEfirewall2 ကို

#systemctl restart SuSEfirewall2

ဆိုပြီး Restart ပေးလိုက်ပါ။
နောက်ထပ်

#chown wwwrun /srv/www/htdocs/ -R

အတိုင်း wwwrun ဆိုတဲ့ (Apache User) Owner change ပေးရမှာဖြစ်ပါတယ်။

SETP3: Install Mysql Database

Apache2 ပြီးတော့ နောက်ထပ် တစ်ခုဖြစ်တဲ့ mariadb install လုပ်တဲ့အပိုင်းကို ဆက်ပြောပြပေးပါ့မယ်
ပထမဆုံးအဆင့်အနေနဲ့ကတော့ mariadb mariadb-client mariadb-tools စတာတွေကို install လုပ်ပေးရပါမယ် အဲ့ဒီအတွက်တော့

#zypper install mariadb mariadb-client mariadb-tools

ဆိုတဲ့ command အတိုင်းပြုလုပ်ပေးရပါမယ်။

Install ပြီးသွားပြီဆိုတာနဲ့

#systemctl start mysql

Command နဲ့ Start ပြုလုပ်ရမှာဖြစ်ပြီးတော့
Boot time တိုင်းမှာ auto start ဖြစ်နေဖို့အတွက် တော့

#systemctl enable mysql

ဆိုပြီး ရိုက်ပေးရပါမယ်
ပြီးတာနဲ့ မိမိ install ပြုလုပ်ထားတဲ့ mysql ရဲ့အခြေအနေကို

#systemctl status mysql

ဆိုပြီး ခေါ်ကြည့်လိုက်ပါ အောက်ကအတိုင်း active running ဖြစ်နေပြီဆိုရင်တော့ mysql installation အပိုင်းပြီးပါပီ

နောက်ထပ်အနေနဲ့ကျန်နေတာကတော့ Configuration အပိုင်းပါ
မိမိက mysql ကို install ပဲပြုလုပ်ထားတာဖြစ်ပြီးတော့ အသက်မသွင်းရသေးပါဘူး
Mysql ကို အသက်သွင်းဖို့အတွက်

#mysql –u root

ဆိုပြီး တော့ MariaDB ထဲကို Login ၀င်ဖို့ အတွက် password setup ထပ်မံပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အဲဒီတော့ MariaDB ထဲကို Login ၀င်ဖို့အတွက် user ကတော့ root user နဲ့ဝင်မှာဖြစ်ပြီး Password ကတော့ မပေးထားရသေးပါဘူး။
MariDB Login ကို password setup လုပ်ဖို့အတွက်

#mysql_secure_installation

ဆိုတဲ့ command ကိုသုံးပါမယ်။ ပြီးရင်တော့ Enter လို့ပြထားတဲ့နေရာတွေမှာ ဘာမှရိုက်စရာမလိုပဲ Enter ပဲနှိပ်လိုက်ပါ ပြီးရင်တော့
New Password ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီနေရာမှာတော့ မိမိထည့်ချင်တဲ့ new password ကို setup လုပ်ရမှာပဲဖြစ်ပါတယ်။
နောက်ထပ် အဆင့်တွေကိုတော့ ဒီတိုင်း သာ Enter နဲ့ဆက်သွားလိုက်ပါ။
MariaDB New Password Setup လုပ်ပြီးပြီဆိုရင် MariaDB ထဲကို Login ပြုလုပ်ပါ့မယ်
အဲဒီအတွက် တော့

#mysql –u root –p

ဆိုပြီးရိုက်လိုက်ပါ အဲဒါဆိုရင် MariaDB ကို အသုံးပြုဖို့အတွက် Login ၀င်ရမယ့်နေရာကနေတဆင့် ၀င်လို့ရပါပီ။

Step 4: Install PHP7

#zypper install php7 php7-mysql apache2-mod_php7

ဆိုပြီး php7 ကို install လိုက်ပါ

Install ပြီးပြီဆိုရင်တော့ PHP Module ကို enable ပေးပြီး Apache Web Server ကို Restart လုပ်လိုက်ပါ
Command တွေကို တော့အောက်ကအတိုင်းရိုက်လိုက်ရုံပါပဲ-

#a2enmod php7
#systemctl restart apache2

Step 5: Test PHP

PHP ကို Install ပြီးသွားတော့ ကိုယ် Install လုပ်ထားတဲ့ PHP ကို အလုပ် လုပ်/မလုပ် သိဖို့အတွက်
Test ပြုလုပ်ကြည့်ရအောင်
အဲ့တော့

#vi /srv/www/htdocs/test.php

ဆိုပြီး /srv/www/htdocs/ အောက်မှာ php ဖိုင်လေးတစ်ဖိုင်ဆောက်ပြီး အဲ့ဒီ php ဖိုင်ထဲကို
ဒီ ကုဒ်လေးထည့်ပြီး စမ်းကြည့်လိုက်မယ်

<?php phpinfo (); ?>

ကုဒ်လေးကို ရေးပြီးပြီဆိုရင်တော့
Localhost/test.php ဆိုပြီး Browser ကနေခေါ်ကြည့်ရအောင်

အပေါ်ကပုံအတိုင်း ပေါ်လာတယ်ဆိုရင်တော့ Install လုပ်ထားတဲ့ PHP ဟာ အလုပ်လုပ်နေပါပီ။

STEP 6: Install phpMyadmin (Optional)

#zypper install phpMyAdmin

ဆိုပြီး phpMyAdmin ကို Install လုပ်ပေးလိုက်ပါ
Install ပြီးပြီဆိုတာနဲ့ Apache2 ကို ထပ်ပြီး restart လုပ်ပေးလိုက်ပါအုံး

#systemctl restart apache2

Apache 2 ကို restart လုပ်ပြီးပြီဆိုရင်
မိမိရဲ့ IP address/phpMyAdmin သို့မဟုတ် localhost/phpMyAdmin ဆိုပြီး

Example:
192.168.1.100/phpMyAdmin
Or
Localhost/phpMyAdmin

Browser ကနေခေါ်လိုက်ရင် phpMyAdmin ရဲ့ Login page ကိုရောက်သွားပါလိမ့်မယ်
အဲ့ဒီ Login မှာ mysql မှာတုန်းက setup လုပ်ခဲ့တဲ့ root user နဲ့ ၎င်းရဲ့ password ကိုဖြည့်သွင်းပြီး

phpMyAdmin မှာ Data တွေစသွင်းလို့ရပါပီ ။
ကဲဒါဆိုရင် openSUSE Leap 42.2 မှာ LAMP ကို install ပြုလုပ်တာကို နားလည်လိမ့်မယ်လို့ထင်ပါတယ်။

ဒီတိုင်း ပေါ်လာပြီဆိုရင်တော့ MariaDB root password ထည့်ပြီး phpMyAdmin ထဲကို ၀င်လို့ရပါပီ။
ဒါဆိုရင်တော့ OpenSUSE 42.2 မှာ LAMP Install လုပ်တာ အောင်မြင်ပါပီ။
အောင်မြင်ပြီဆိုတာနဲ့ သင့်ရဲ့ Server ထဲမှာ Web ကို ကိုယ်တိုင်တည်ဆောက်ပြီး local website လေးလုပ်ကြည့်နိုင်ပါတယ်။
(အရင်ကတော့ https://planet.opensuse.org/ မှာ တင်ထားပြီးသားပါ။ https://www.facebook.com/pg/opensusemm/ မှာလည်း တင်ထားပါတယ်…..။ )

Tags, , , , , ,

docky

Dock Application: Docky

ဒီနေ့ ကျွန်တော်ရေးချင်တာလေးကတော့ openSuSE အသုံးပြုသူတွေအတွက် Trick လေးတစ်ခုပါ။ OpenSuSE 42.2 ရဲ့ GNOME Desktop မှာ Dock bar လေးဟာ ဘယ်ဘက်မှာ Default အနေနဲ့ ကပ်ပြီးပေါ်ပါတယ်။ အဲဒါဆို Dock လေးကိုတခြားနေရာတွေကို ရွေ့ဖို့ဆို အဆင်မပြေတာတွေ့ရပါလိမ့်မယ်။ အချို့ Linux Distro တွေမှာတော့ Dock Bar လေးကို Right click ထောက်ပြီး Bottom, Top, Right စသည်ဖြင့် ရွေ့လို့ရပါတယ်။ သို့ပေမယ့် openSuSE 42.1 မှာတော့ အဆင်မပြေပါဘူး။ Right Click ပေးပေမယ့် တက်မလာပါဘူး။ အဲဒါကို အဆင်ပြေအောင်ဆို GNOME Dock မှာ ==> ON လိုက်ပါ။
အဲဒါဆို Dock မှာ Right Click ထောက်ပြီး လိုရာကို ရွေ့နိုင်ပါပြီ။

နောက်တစ်နည်းကတော့ ပုံထဲကလို ဒီဇိုင်းလှလှလေးနဲ့ မြင်ချင်တယ်ဆိုရင်တော့

openSuSE software မှာ Docky ဆိုတဲ့ one click install ဖိုင်လေးကို Download လုပ်လိုက်ပါ။

သူ့ကို Run ပြီး လိုချင်တဲ့ Setting လေးကို ချိန်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
Docky မှာ Application တွေကို pin လုပ်ထားချင်ရင်တော့ လုပ်ချင်တဲ့ Application ကို ဖွင့်ပါ ပြီးရင် Right Click => Pin to Docky ဆိုရင် ရပါပြီ ခင်ဗျာ။

By Nova

Ref: google.com, software.opensuse.org

Tags, , , , ,