Linux Shell Scripting – Part 2

Linux Shell Scripting – Part 2

Creating And Executing Script

Hello World

အရိုးရှင်းဆုံးသော hello world လေး စရေးကြမယ်။ ကြိုက်နှစ်သက်ရာ Text Editor ကို သုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ vi editor လေးသုံးတာ အကျင့်များနေလို့ vi ကို သုံးပါ့မယ်။

ကိုယ်ဘယ်နေရာရောက်နေတာလဲ pwd လေးနဲ့ ကြည့်မယ်။ ကိုယ်လေ့ကျင့်မဲ့ script လေးတွေကို တစ်စုတစည်းထဲ သိမ်းထားတော့ ပိုအဆင်ပြေတာပေါ့။ ကိုယ့်ရောက်နေတဲ့ နေရာလေး မှတ်ထား၊ script လေးတွေ စုထားရအောင်လို့ mkdir လေးနဲ့ directory လေးဆောက်။ vi hello.sh လေးဖွင့် အောက်က script လေး ထည့်လိုက်ပါမယ်။

#!/bin/bash

#hello world bash scirpt

echo “Hello World”

exit 0

script လေးကို execute( run ) မလုပ်ခင်။ ဒီ စာလေး လေးတွေအရင် ရှင်းပါ့မယ်။  

#!/bin/bash – ဆိုတာက script ရဲ့ ပထမဆုံးစာကြောင်းလေးဖြစ်ပါတယ်။ မဖြစ်မနေထည့်သင့်တဲ့ စာကြောင်းလေးပါ။ သူ့ကို shebang လို့ သုံးနှုန်းကြပါတယ်။ bash scripting မှာ  # sign လေးဟာ comment ပိတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် shebang မှာတော့ သူရဲ့ တစ်ခုထဲသော အကျုံးမ၀င်တဲ့ comment ဖြစ်နေပါတယ်။ ဆိုလိုတာက script ရဲ့ အခြားစာကြောင်းတွေမှာ # နဲ့ စရင် အလုပ်မလုပ်ပေမယ့် shebang ကတော့ script ကို system က execute လုပ်သွားပါလိမ့်မယ်။ ဒါလေးမထည့်ရင် ပြဿနာရှိသလားဆိုတော့ ရှိတယ်ပဲ ပြောရမှာပေါ့။ ကျွန်တော်တို့ရဲ့ script လေးကို shebang လေးသာမရှိရင် current shell မှာ အလုပ်လုပ်ပေမယ့် အခြား shell ပြောင်းလိုက်ရင် ပြဿနာရှိလာနိုင်တဲ့အတွက် ထည့်သင့်တယ်။ ထည့်ရမယ်လို့ပဲ မှတ်ထားတာကောင်းပါတယ်။

echo “Hello World”echo ဆိုတဲ့ command က  Linux မှာ standard output ( STDOUT ) ကို ထုတ်ပေးတဲ့  built-in shell တစ်ခုပါ။ ကိုယ်ထုတ်ချင်တဲ့ output ကို double quotes လေး ခံရေးပြီး ထုတ်နိုင်ပါတယ်။

exit 0exit က script ကနေ leave/exit ထွက်မယ်လို့ပြောတဲ့ built-in command တစ်ခုပါ။ exit မှာ code လေးတွေ ရှိပါတယ်။ 0 မဟုတ်ပဲ တခြားတစ်ခုခုဆိုရင် script execution မှာ error ပါတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။

Executing Script

အထက်က ရေးသားခဲ့တဲ့ script ဖိုင်လေးကို execute/run ဖို့ နည်းလမ်းနှစ်ခု အသုံးပြုလေ့ရှိပါတယ်။ အသုံးအများဆုံးကတော့ script ကို execut permission ပေးပြီး ./ နဲ့ run ခြင်းဖြစ်ပါတယ်။ permission ပေးတဲ့ command လေးကတော့ မမေ့ဘူးထင်ပါတယ်။ chmod ပါ၊ execution ဆိုတော့ +x ပေးလိုက်ပေါ့( Linux permission ကိုတော့ အကျယ်မရေးတော့ပါဘူး )။

နောက်တစ်မျိုးကတော့ execute permission မပေးပဲ bash command နဲ့ တန်းပြီး run ခြင်းဖြစ်ပါတယ်။  

Exit status ကိုလည်း စစ်ဆေးလို့ရပါတယ်။ $? ဆိုတဲ့ variable လေး သုံးပြီး ထုတ်နိုင်ပါတယ်။ output က 0 လေး ပြပါလိမ့်မယ်။ error ကင်းကင်းနဲ့ execution ဖြစ်သွားတယ်လို့ ယူဆနိုင်ပါတယ်။

နောက်ထပ် သတိမထားမိတာလေးတစ်ခုကတော့ script ကို အမည်ပေးခြင်းဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ အမည်ပေးလို့ အဆင်ပြေပေမယ့် Linux ရဲ့ ရှိပြီးသား alias, fuctions, keywords, building command တွေနဲ့ တူတာကိုတော့ ရှောင်ရပါမယ်။ နောက်တစ်ခုက script မှာ sh အဆုံးသတ် ( extension ) လေး ထည့်သင့်မထည့်သင့်ပေါ့။ ထည့်တာအကောင်းဆုံးပါ။ ဘာကြောင့်ဆို Linux မှာ extension ကို part of filename အနေနဲ့ပဲ သတ်မှတ်ထားတာပါ။ ဆိုတော့ sh လေး ထည့်လိုက်ခြင်းဟာ unique name တစ်ခု ရသွားနိုင်သလို၊ text editor တွေကို syntax highlighting မှာ များစွာ အထောက်အကူဖြစ်သွားပါတယ်။

နောက်တစ်ပိုင်းမှာတော့ argument နဲ့ script ကို run တာလေး ဆက်ပါမယ်..

By Nova

Tags, , , , ,

Linux Shell Scripting – Part 1

Shell Scripting  

Linux Shell Scripting အကြောင်းလေး မပြောခင် ကျွန်တော် Shell ဆိုတာလေးကို အရင်မိတ်ဆက်ပါရစေ။ Linux ကိုတော့ အခြေခံလောက်ဖြစ်စေ သိပြီး/သုံးပြီးထားတယ်လို့ ယူဆထားပါတယ်။ Linux မှာ Shell ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အသုံးပြုသူ ( User ) ရဲ့ ခိုင်းစေချက် ( command ) တွေကို Linux System နားလည်အောင် ကြားခံဘာသာပြန်သဘောမျိုးလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ Linux User တစ်ယောက်က date ဆိုတဲ့ command လေးကိုပဲ ရိုက်လိုက်ပေမယ့် ကြားထဲက Shell လုပ်ဆောင်ချက် အကူအညီနဲ့ System ဆီကို ယနေ့ရက်စွဲ တောင်းခံခြင်းဖြစ်ကြောင်း Translate လုပ်ပေးလိုက်တဲ့ သဘောမျိုးပါပဲ။ Linux မှာ Shell အမျိုးအစားများစွာရှိပါတယ်။ အသုံးများတဲ့ Shell တချို့ဖော်ပြလိုက်ပါတယ်။

Sh shell – Bourne shell လို့ခေါ်ပါတယ်။ AT & T labs ကနေပြီး ၁၉၇၀ လောက်က စတင်အကောင်အထည်ပေါ်လာခဲ့ပါတယ်။

Bash shell – Bourne Again shell လို့ ခေါ်ပါတယ်။ ကျွန်တော်ရဲ့ စာစဉ်လေးမှာ အသုံးပြုမယ့် Shell လေးပါ။

Ksh – Korn shell ပါ။ Bourne shell ကို အဆင့်မြှင့်ထားတဲ့ shell ပါ။

Csh – C style shell လေးပါ။ အသုံးပြုထားတဲ့ Syntax တွေက C programming language နဲ့ ဆင်တူပါတယ်။

Tsh – သူကတော့ Csh ကို ထပ်မြှင့်ထားတဲ့ shell တစ်ခုပါ။

Shell Scripting ဆိုတာကတော့ ဒီလို shell အများအစားများစွာထဲကမှာ တစ်ခုခုကို အသုံးပြုပြီး ရေးသားထား scripting တစ်ခုကို ဆိုလိုပါတယ်။ shell script တစ်ခုက ဘာလုပ်ပေးနိုင်သလဲဆိုတော့ အချိန်ကုန်ခံ များစွာရိုက်ရမယ့် command တွေကို အလိုလျောက်တစ်ခါထဲ run နိုင်သွားခြင်းပဲ ဖြစ်ပါတယ်။ ဆိုပါတော့ Linux မှာ အောက်ပါ command လေးရိုက်လိုက်ပါတယ်။

whoami ; id

ဒီ command လေးက whami ဆိုတဲ့ command ပြီးတဲ့အခါ id ဆိုတဲ့ command လေးကိုပါ လုပ်ဆောင်မယ်လို့ ဆိုလိုတာပါ။ တစ်ကြောင်းထဲ command နှစ်ခုပေါ့။ Shell Script တစ်ခုကတော့ အဲ့လို command ပေါင်းများစွာကို လွယ်ကူစွာနဲ့ automatic လုပ်ဆောင်နိုင်တဲ့ စုစည်းထားတဲ့ ဖိုင်လေး တစ်ခုဆိုလည်း မမှားပါဘူး။ အကျိုးရလဒ်ကတော့ အချိန်ကုန်သက်သာစေတာကတော့ အဓိကဖြစ်ပါလိမ့်မယ်။ သာမန် Linux အသုံးပြုသူအဖို့ command ၅ ကြောင်း ၁၀ကြောင်း၊ အကြောင်း ၂၀ မသိသာပေမယ့် Infrastructure ကြီးကြီးကို လုပ်ဆောင်ရတဲ့ System Admin များအဖို့ Scripting တစ်ခုက များစွာအထောက်အကူပြုနေမှာ ဖြစ်ပါတယ်။  ထို့အပြင် စတင်လေ့လာရေးသားသူများအတွက်ဆိုရင်တော့ Linux system အကြောင်းကို ပိုမိုသိရှိပြီး၊ programming concept လေးတွေလည်း ရလာပါလိမ့်မယ်။

Bash Scripting

Bash Scripting ဆိုတာနဲ့ script လေးတွေ စရေးတာက စိတ်ဝင်စားမှု ပိုမိုများစေမှာ သေချာပါတယ်။ သို့ပေမယ့် အခြေခံသိသင့်တာလေးတွေ သိထားရင် ပိုမိုကောင်းမွန်ပါတယ်။ Shell Scripting ဆိုတာ command တွေကို စုပြီး automatic အလုပ်လုပ်နိုင်အောင်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ သုံးနေတဲ့ command လေးတွေက အမျိုးအစားရှိပါသေးတယ်။ ပုံမှန်မှာ Linux Command လေးတွေ အလွတ်ရနေတော့ ရိုက်လိုက် output လေးထွက်လာလိုက်မှန်ပေမယ့် ဒီထက်ပိုပြီးတွေးကြည့်မှတ်ကြည့်ရင် ပိုကောင်းနိုင်ပါတယ်။ Linux command ကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါတယ်။

  • Alias
  • Function
  • Shell built-in
  • Keyword
  • File

ကျွန်တော်တို့က ls ဆိုတဲ့ command လေး ရိုက်လိုက်တယ် file/directory list လေး ထွက်လာတယ်။ So simple ပေါ့။ ls ဆိုတာ ဘယ်လို command အမျိုးအစားလည်း ကြည့်လိုက်ရအောင်ပါ။ ဒီလို ကြည့်ဖို့အတွက် type ဆိုတဲ့ command လေးကို အသုံးပြုလို့ရပါတယ်။ -t option လေးကတော့ type တစ်ခုပဲ output ထုတ်စေဖို့ပါ။

#type –t ls

နောက်ထပ် ပိုရှင်းအောင် အောက်ပါ command လေးရိုက်ပြီး ထပ်စမ်းကြည့်နိုင်ပါတယ်။

#type ls who pwd do id

Command Path

Command path ဆိုတာကတော့ ကျွန်တော်တို့ executable script တွေကို run တဲ့ အခါ full or relative လမ်းကြောင်းထဲရှိမှ အဆင်ပြေပြေ run နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ PATH environment ထဲ ကိုရောက်နေမှ run နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိရောက်နေတဲ့ Directory နေရာကနေ PATH ထဲကို ရောက်ဖို့ လိုအပ်ပါတယ်။ အောက်ပါ command နဲ့ လုပ်ဆောင်နိုင်ပါတယ်။

#export PATH=$PATH

ဒီလို ထည့်လိုက်ခြင်းအားဖြင့် ကိုယ်ဘယ်နေရာရောက်နေနေ script ကို လှမ်း run လို့ ရသွားမှာ ဖြစ်ပါတယ်။

Text Editor for scripting

Shell scripting ရေးဖို့အတွက် ထူးထူးခြားခြား ဘာမှမလိုလှပါဘူး။ Linux မှာ ပါပြီးသား text editor လေးတွေဖြစ်တဲ့ vi/vim, nano, gedit တို့နဲ့တင် လုံလောက်ပါတယ်။ Visual Studio Code လို GUI ကောင်းကောင်းနဲ့လည်း အသုံးပြုရေးလို့ရပါတယ်။

Part 2 မှာတော့ Hello World လေးနဲ့ တွေ့ကြတာပေါ့ …

By Nova

Tags, , , ,

Web Design Course



🚩 What is Website?
🚩 HTML-5 Elements များ
🚩 CSS Elements များ

🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑



🔎 သင်တန်းအချိန် 🔍
Class ( A )
ရက်သတ္တပတ်( ၆ ) ပတ်ခန့်

Class ( B )
ရက်သတ္တပတ်( ၆ ) ပတ်ခန့်

သင်တန်းနေရာ


Unicode Version =>>

နွေရာသီအားလပ်မှာ Web Design အကြောင်းလေ့လာသင်ယူလိုသူများအတွက် Nova Computer Training မှ Web Design Course အား ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

သင်ကြားမည့် အကြောင်းအရာများကတော့ –

🚩 What is Website?
🚩 HTML-5 Elements များ
HTML-5 ကို အသုံးပြုပြီး Web Page များတည်ဆောက်ခြင်း
🚩 CSS Elements များ
Web Page များကို Presentation ကောင်းမွန်အောင် CSS ဖြင့် အလှဆင်ခြင်း။
Web Page များကို အလှဆင်ရာတွင် Responsive ( မည့်သည့် Deviceတွင်ဖြစ်အောင် အသုံးပြုရ အဆင်ပြေနိုင်စေရန်) ဖြစ်အောင် CSS ရဲ့ Framework တစ်ခုဖြစ်သော Bootstrap-4 ဖြင့်အလှဆင်ခြင်း။
🚩 JavaScript Elements များကို လေ့လာခြင်း။
JavaScript ကို အသုံးပြုပြီး Dynamic Web Page ဖန်တီးခြင်း။
JavaScript ရဲ့ library တစ်ခုဖြစ်ပြီး အသုံးပြုရလွယ်ကူကောင်းမွန်တဲ့ jQuery ဖြင့် Dynamic Web page များကို တည်ဆောက်ခြင်း။
🚩 Web Developer တိုင်းသိသင့်တဲ့ UI/UX ဆိုတာဘာလဲ?
🚩 Domain၊ Hosting ဆိုသည်မှာ…
🚩 Website တစ်ခုအား Hosting ပေါ်တွင်တင်ခြင်း၊ ဒိုမိန်းရွေးချယ်ခြင်း၊ Launch ပြုလုပ်ခြင်း
🚩 သင်တန်းပြီးဆုံးပါက မိမိကိုယ်တိုင် သေသပ်လှပသော Fully Responsive Landing Page အနည်းဆုံး (၃) ခုရေးရမည်ဖြစ်သည်။

🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑

🧘‍♂️ ဘယ်သူတွေ တက်ရောက်သင့်သလဲ ? 🧘‍♂️

ကွန်ပျူတာ အခြေခံတတ်ကျွမ်းပြီး website အကြောင်း လေ့လာသင်ယူလိုသူများ
နွေရာသီအားလပ်ရက်တွင် website အကြောင်းလေ့လာလိုသည့် ကျောင်းသူ ကျောင်းသားများ
အင်တာနက်တွင် အွန်လိုင်း shopping လုပ်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ
မိမိတို့၏ စီးပွားရေးလုပ်ငန်းများအား website တည်ဆောက်ပြီး လုပ်ငန်းမြှင့်တင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ
Web Developer တစ်ယောက်အဖြစ်ရပ်တည်ရန် စတင်ခြေလှမ်းမည့်သူများ

🔎 သင်တန်းအချိန် 🔍
Class ( A )
စနေ ( နံနက် ၁၀ နာရီ မှ ၁၂ နာရီ )
တနင်္ဂနွေ ( နံနက် ၁၀ နာရီ မှ ၁၂ နာရီ )
ရက်သတ္တပတ်( ၆ ) ပတ်ခန့်

Class ( B )
ကြာသပတေး ( ညနေ ၄ နာရီ မှ ၆ နာရီ )
သောကြာ ( ညနေ ၁၀ နာရီ မှ ၁၂ နာရီ )
ရက်သတ္တပတ်( ၆ ) ပတ်ခန့်

သင်တန်းကြေး – ၆၈၀၀၀ကျပ်
သင်တန်းနေရာ
A လမ်း ( စိုးစံ ဘောဒါအနီး )၊ ပြင်ဦးလွင်။
📞 09 977969220, 09 776304878, 09 797794350

အစောဆုံး သင်တန်းအပ်သည့် Early Bird သင်တန်းသား ငါးယောက်အား သင်တန်းကြေး ၆၀၀၀၀ကျပ်သာ ကျသင့်မည် ဖြစ်ပါသည်


Tags

Nova

Computer Basic & Microsoft-Office (Office Staff Level) သင်တန်း

💥 ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလိုသူများ၊ မဖြစ်မနေ တက်ထားသင့်တဲ့ သင်တန်းတစ်ခု ဖြစ်ပါသည်။
💥 သင်တန်းသား တစ်ယောက်ချင်းစီကို အမှန်တကယ် နားလည်တတ်ကျွမ်းသည်အထိ စနစ်တကျသင်ကြားပေးသွားပါမည်။

💻 ကုမ္ပဏီများတွင် ရုံးဝန်ထမ်း (Office Staff) အဖြစ် အလုပ်ဝင်မည့်သူများ၊
💻 ကွန်ပျူတာ အခြေခံ ပညာရပ်များကို အမှန်တကယ် တတ်မြောက်လိုသူများ၊
💻 ကွန်ပျူတာနဲ့ အထိအတွေ့ မရှိလို့ အလုပ်ခွင်မှာ အခက်အခဲ ဖြစ်နေသူများအတွက် သင့်တော်သော သင်တန်းတစ်ခုဖြစ်ပါသည်။

Computer Basic & Microsoft-Office (Office Staff Level) သင်တန်းတွင်
▼▼▼▼▼
💻 About Windows 7/ 8/ 10
💻 Computer Components
💻 Different Between Hardware & Software
💻 Installation Software on Window
💻 Typing Tutor
💻 Shortcut Key on Window
💻 Using Microsoft Word
💻 Using Microsoft Excel
💻 Using Microsoft Powerpoint
💻 Adobe Pagemaker
💻 E-mail & Internet
💻 CD & DVD Disk Burning
💻 Printer & Printing
အစရှိသည်များကို အခြေခံမှစ၍ သင်ကြားပေးသွားပါမည်။

♻️ သင်တန်းကြေး (၄၀၀၀၀ိ/-) လေးသောင်းကျပ် ♻️

☑️ သင်တန်းသား – (၈) ဦးသာ လက်ခံပါမည်။ ☑️

🗓 သင်တန်းချိန်များ 🗓

✅ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင် တက်ရောက်လိုသူများအတွက်
🕓 ညနေ (၄) နာရီ မှ (၆) နာရီ ထိ 🕕 (တန်းခွဲ – ၁)
🗓 သင်တန်း စမည့်ရက် -(ဖေဖော်ဝါရီလ ၁၆ ရက် ၂၀၁၉)

✅ ကြားရက်တွင် တက်ရောက်လိုသူများအတွက် (ဗုဒ္ဓဟူး ၊ ကြာသာပတေး)
🕓 ညနေ (၄) နာရီ မှ (၆) နာရီ ထိ 🕕 (တန်းခွဲ -၂)
🗓 သင်တန်း စမည့်ရက် -( မတ်လ ၂၅ ရက် ၂၀၁၉)

သင်တန်းကာလ (၁) လခွဲ၊ တစ်ပါတ် (၂) ရက်
===============================

☑️ သင်တန်းလိပ်စာ ☑️

🏠 (အေ) လမ်း၊ ရပ်ကွက်ကြီး (၁)၊ စိုးစံဘော်ဒါအနီး၊ ပြင်ဦးလွင်မြို့။ (Excellent အခွေဆိုင်ဘေးလမ်းမှဝင်ပါ။)

☎ အသေးစိတ်ကို ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် (09-420762277) သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Tags

ဘာကြောင့် Website လိုအပ်သလဲ?

၁။ customers ဆယ်ယောက်မှာ ခြောက်ယောက်က သူတို့ဝယ်ယူလို/သိလိုတဲ့ products တွေရဲ့ အကြောင်းအရာ အချက်အလက်တွေကို online/ internet ကနေအရင်ဆုံးရှာဖွေပီးမှ ၀ယ်ယူကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးတစ်ခု/ ကိုယ်ပိုင်ထုတ်ကုန်တွေရှိလာပီဆိုရင် ကိုယ့်စီးပွားရေး/ထုတ်ကုန် တွေရဲ့အကြောင်းအရာ အချက်အလက် (preview / information) တွေကို လူအများသိရှိစေဖို့ ကိုယ်ပိုင် Website တစ်ခုကို လိုအပ်ပါတယ်။
၂။ ၉၀% သော customersတွေက online ပေါ်က ဈေးဝယ်အညွှန်းတွေ (အချက်အလက်တွေ) ကိုနှိုင်းယှဉ် လေ့လာပြီးမှ ပစ္စည်းတစ်ခုကို ၀ယ်သင့်မ၀ယ်သင့် ဆုံးဖြတ် ကြတယ်။
၃။ လူမူကွန်ယက်တွေပေါ်မှာ (social media channels) တွေမှာ တခြားသူတွေ သင့်အကြောင်းပြောနေတာကို ထိန်းချုပ်လို့မရပေမယ့် Website (business website) ရှိရင် အဲ့ဒိ website ကနေ ကိုယ်ပိုင်ဇာတ်လမ်း တွေကို ဖန်တီးပြီးတော့ လူတွေရဲ့အာရုံစိုက်မှုရ လာအောင်လုပ်နိုင်ပါတယ်။ ကုမ္ပဏီ Blog တွေကနေ လုပ်ငန်းရှင်တွေက သူတို့ target ထားတဲ့ customer တွေရဲ့ message တွေ၊ ဖြစ်စဉ်တွေ၊ လုပ်ဆောင်ချက်တွေကို print, mail, boucher တွေထက် ပိုပီးမြန်မြန်ရစေပါတယ်။ Social media platforms များဖြစ်တဲ့ facebook, Instagram နဲ့ အခြား platforms တွေမှာလဲ သင့် Website ကို အလွယ်တကူ sharing လုပ်နိုင်တဲ့အတွက် ကြည့်ရှု့သူ (customers) တွေက အလွယ်တကူရှာဖွေ တွေ့ရှိ နိုင်ပါတယ်။
၎။ သင်ဟာ website တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် အခမဲ့ပေးထားတဲ့ website-building tool တွေကို သုံးပြီးတည်ဆောက်နိုင်တယ်။ ဥပမာ – wordpress လို tool နဲ့ website တစ်ခုတည်ဆောက်မယ်ဆိုရင် အချိန်နဲ့ငွေကို သက်သာစေပါတယ်။ Website တစ်ခုရှိခြင်းကြောင့် ထောင်ပေါင်းများစွာသော customers (၀ယ်ယူသူ) တွေ ပိုမိုရရှိလာမှာဖြစ် ပါတယ်။
၅။ သင်ဟာ ရှုပ်ထွေးပီး ကျယ်ပြန့်တဲ့ Codingတွေ Technical Skills (နည်းပညာ ကျွမ်းကျင်မှု) တွေမလိုအပ် ပါဘူး။ WordPress လို website-building platforms တွေရှိတဲ့အတွက် ကြောင့် သင်ဟာ Website တစ်ခုရရှိဖို့အတွက် ရှုပ်ထွေးတဲ့ Codingတွေ နည်းပညာကျွမ်းကျင် မှုတွေ မလိုအပ်ပါဘူး။ နောက်ပီး website-building platforms တွေကို အသုံးပြုနိုင်ဖို့လဲ အခမဲ့ online tutorials တွေလဲ ရှိပါတယ်။ မည်သူမဆို WebPress လို website-building platforms တွေကိုသုံးပီး အသုံးပြုလို့ရတဲ့ website တစ်ခုကို မိနစ်သုံးဆယ်အတွင်းတည် ဆောက်ပီး ရယူနိုင်ပါတယ်။
၆။ ယနေ့ခေတ်မှာ ၀ယ်ယူသူ (customers) တွေက ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် အချက် အလက်တွေ၊ ထောက်ခံချက်တွေကို online ပေါ်ကနေ ရှာဖွေကြပါတယ်။ ဒါကြောင့် website တစ်ခုရှိရင် ၀ယ်ယူသူ (customers) တွေသိချင်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေး နိုင်မှာဖြစ်ပါတယ်။
၇။ ပုံမှန်ဈေးဆိုင်တွေက ဈေးရောင်းတဲ့အချိန်ကို မနက် (၉) နာရီကနေ ညနေ(၅) နာရီထိ သတ်မှတ်ပီးရောင်းချပါတယ်။ Website တစ်ခုရှိရင်တော့ အချိန်အကန့်အသတ်မရှိဘဲ အချိန် တိုင်းမှာ ရောင်းချနိုင်ပီး အလုပ်လုပ်နိုင်ပါတယ်။ နောက်ပီး Website တစ်ခုရှိရင် marketing tools (ဥပမာ-Email) တွေနဲ့ ပေါင်းစပ်အသုံးပြုပီး customer အသစ်တွေ ရရှိအောင်လုပ် ဆောင်နိုင်တဲ့အပြင် စီးပွားရေးကို ပိုမိုဖြစ်ထွန်းစေပါတယ်။
၈။ ၈၁% သောcustomers တွေက လိုချင်တဲ့ အချက်အလက်တွေ သိလိုတဲ့အကြောင်း အရာ တွေကို Google မှာရှာဖွေကြပါတယ်။ အကယ်၍ သင့်မှာ ကိုယ်ပိုင် Website မရှိရင် သင့်ထုတ် ကုန်ပစ္စည်း (သို့) သင့်စီးပွားရေး (သို့) သင့်ကုမ္ပဏီကို Google မှာရှာဖွေလဲ တွေ့မှာ မဟုတ်ပါဘူး။
၉။ သင့်စီးပွားရေးမှာ Website တစ်ခုရှိလျှင် အရောင်းဝန်ထမ်းတွေနဲ့ ရောင်းချခြင်းတွေ၊ လုပ် ငန်းချဲ့ထွင်ဖို့အတွက် အလုပ်သမားတွေ အတော်အသင့်နည်းပါးသွားနိုင်ပြီး ကုန်ကျစရိတ်လည်း နည်းပါးသွားမှာပါ။
၁၀။ ကိုယ်ပိုင် website တစ်ခုတည်ဆောက်ထားခြင်းအားဖြင့် မိမိ၏လုပ်ငန်းများ၊ ထုတ်ကုန်များ အား ကြော်ငြာစာရွက်များဖြင့် တကူးတက သယ်ယူဖော်ပြနေရန် မလိုအပ်တော့ပဲ click တစ် ချက်ဖြင့် စားသုံးသူထင်သာမြင်သာရှိစေရန် ဖော်ပြနိုင်သောကြောင့် မိမိကိုကိုယ် ယုံကြည်မှုလဲ ပိုမိုတိုးတက်လာ စေမည်ဖြစ်ပါသည်။

Tags, , , ,

wifi

Wireless Router ဘယ်လောက်ဝေးဝေးမိသလဲ

Wireless မှာ လက်ရှိပြဿနာက Wireless ပစ္စည်းတစ်ခုကို မေးတဲ့အခါ ဒါဘယ်လောက် ဝေးဝေးသွားသလဲ၊ အုတ်နံရံဘယ်နှစ်ချပ် ဖေါက်သလဲ၊ အသုံးပြုသူတွေက သိချင်ကြတာပါ။ ဒါကဖြင့် ဘယ်နှစ်မီတာသွားပါတယ်ပြောလိုက်ပြန်ရင်လည်း သူတို့နေရာက ဘယ်လိုမှန်းမသိ။ နံရံကလဲ ဘယ်လောက်ထူမှန်းမသိ၊ တောင်ကုန်းလား၊ ချိုင့်ဝှမ်းအောက်ထဲလား အဲသည်လို မေးခွန်းတွေ ပြန်မေးပြန်ရတာလည်းအဆင်မပြေ။ တချို့ဆိုရင် built-in 2dbi antenna လေးနဲ့ SOHO router အလွန်ဆုံး output power က 200mili-watt လောက်ပဲထွက်မယ့်ဟာကို မီတာ 500 ပတ်လည်မိတယ်ဆိုပြီး ပြောရောင်းတာတွေလည်းရှိတတ်ပါတယ်။ တချို့ကျ external antenna အကြီးသာ တပ်လိုက်မယ်ဆိုရင် နဂိုထက် signal ပိုကောင်းလာမယ်လို့လည်းထင်တတ်ပါတယ်။ မှန်တယ်လို့ပြောမရသလို မှားတယ်တော့လဲ ဒုံးတိ ပြောလိုက်လို့ မရပြန်ဘူး။ Antenna ရဲ့ dbi ကိုကြည့်ရမယ်။ Wireless Router ဒါမှမဟုတ် Access Point ရဲ့ output power ကိုကြည့်ဖို့လိုဦးမယ်။ လက်ရှိဈေးကွက်ထဲမှာ အသုံးများနေတဲ့ Outdoor Wifi Access Point တွေမှာ များသောအားဖြင့် 600mw ထွက်တဲ့အတွက် Signal အားပြင်းသလို Antenna အကြီးတွေကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ အစပိုင်းကပြောခဲ့တဲ့ ဘယ်လောက်ဝေးဝေးမိသလဲဆိုတာက ဘယ်နေရာမှာဆင်ထားသလဲ ဆိုတာပေါ်မှာ အများကြီးမူတည်ပါတယ်။ ပတ်ပတ်လည်မိစေချင်ရင် Omni Antenna ကိုသုံး၊ တခြမ်း သို့မဟုတ် မျက်နှာမူရာ အရပ်တစ်ခုကိုသာ သွားစေချင်တယ်ဆိုရင် Directional Antenna တွေကို သုံးရမှာပေါ့။ Antenna ကြိုး တပ်ဆင်ပုံနဲ့၊ ကြိုးရဲ့ အတိုအရှည်ပေါ်မှာလဲ အနည်းငယ် သက်ရောက်မှု ရှိနေပါသေးတယ်။ Antenna ကြိုးရှည်လေ Signal Loss ဖြစ်နိုင်ချေများလေပဲ။
မော်ကျားမော်၊စိမ်းကျားပြာ၊ပြာကျားစိမ်း၊ညိုကျားညို၊ ဒါမှမဟုတ် ဖြူမော်မော်၊ဖြူစိမ်းပြာ၊ဖြူပြာစိမ်း၊ဖြူညိုညို ကိုယ်သန်သလို ကိုယ်ရွတ်ပြီးမှတ်ထားကြတဲ့ Twisted Pair တွေကနေတဆင့် သုံးနိုင်တဲ့ PoE (Power over Ethernet) ဆိုတဲ့ဟာလေးကြောင့် Outdoor Devices တွေအတွက် ပါဝါပေးဖို့ကို ခေါင်းစားစရာ သိပ်မရှိတော့ပါဘူး။ Network ကြိုးပေါ်မှာပဲ power ရော data ပါ တခါထည်း ရောကြိတ်ထည့်လိုက်တဲ့အတွက် မီတာ ၁၀၀ လောက်အတွင်း ပါဝါကို ထောက်ပံ့ပေးနိုင်ပါရဲ့။ တခုရှိတာက 1,3,2,6 ကြိုးတွေမှာ data သွားပြီး 7,8 မှာ power သွားတာမို့လို့ ကြိုးကိုမှားမကိုက်မိဖို့ပါပဲ။ WiFi Devices တွေကို ချိတ်ဆက်ဖို့ရာမှာ အရေးကြီးတာက Line of Sight လို့ဆိုတဲ့ လှမ်းမြင်နေရတဲ့အနေအထား ရှိနေဖို့ပါပဲ။ ( Outdoor တွေမှာဆိုရင်ပေါ့ ) ဟိုဘက်သည်ဘယ် Point to Point ထိုးတော့မယ်ဆိုရင် ကြားထဲမှာ ဘာတွေခံနေမလဲဆိုတာ သတိထားပြီး ရှောင်ရှားဖို့လိုပါမယ်။ သစ်ပင်၊ ရေအိုင်၊ မှန်ချပ် စတာတို့ဟာ မထင်ရပေမယ့် WiFi Signal တွေကို အနှောင့်အယှက်ပေးနိုင်တဲ့အထဲမှာ ရှေ့ဆုံးကပါဝင်နေတဲ့အတားအဆီးတွေပါ။ Line of Sight တော့ရှိပါရဲ့ Freshnel Zone ကျဉ်းနေရင် လိုသလောက် Signal မရောက်တာမျိုးနဲ့ ကြုံတွေ့နိုင်ပါသေးတယ်။ Freshnel Zone ဆိုတာက Antenna ကနေ signal စထွက်တဲ့နေရာ အကျယ်အ၀န်းကိုပြောတာဖြစ်ပါတယ်။ သည်ဖက်လည်း ၁၀ ထပ်တိုက်၊ ဟိုဖက်လည်း ၁၀ ထပ်တိုက် ကြားထဲမှာဘာမှလဲမခံဘူး၊ Antenna ကလဲ အားအပြင်းသုံးထားပါရဲ့နဲ့ signal ကထင်သလောက်မကောင်းဘူး။ တချို့က n router(802.11/n) ဆိုပြီး 300mbps မရပါလားပေါ့။ ဘယ်ဟုတ်မလဲ draft n ဖြစ်နေတာကိုး။ သူက 150mbps ပဲရပါတယ်။ 802.11/g ဆိုရင် 54 mbps ရပြီး super 802.11/g mode နဲ့သုံးရင် 108mbps အထိရနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာက Internet Connection Sharing သုံးဖို့ပဲဆိုရင်တော့ n router နဲ့ g router က ဘာမှသိပ်ကွာမှာမဟုတ်ပါဘူး။ 802.11/n router ကြီးသုံးလိုက်လို့ အင်တာနက်ကြီးကဖြင့် သိပ်မြန်သွားတယ်ဆိုတာတော့ မကြားဘူးသေးပါဘူး။
802.11/n router တွေကို တကယ်လိုအပ်တဲ့သူတွေက wireless နဲ့ lan ချိတ်ပြီး ဂိမ်းဆော့ချင်တဲ့သူတွေ၊ files & resources sharing လုပ်ချင်တဲ့လူတွေ၊ တနည်းပြောရရင် Wireless Connection ပေါ်မှာ Data မြန်မြန်နဲ့ များများ သွားချင်တဲ့သူတွေအတွက်ပဲ ပိုအသုံးများကြပါတယ်။ Suggession အနေနဲ့ပေးရမယ်ဆိုရင်တော့ Ubiquiti Product တွေဟာဒီဘက်အနေနဲ့ဆို ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ Range ဝေးဝေးထိ ပစ်ချင်တဲ့သူတွေအတွက်လည်း 15km လောက်ထိ range ကောင်းတဲ့ Ubiquiti ( Wifi ) Product တွေရှိပါတယ်။

နောက်တစ်ပိုင်းကျရင်တော့ Wireless Standard တွေအကြောင်းတီးမိခေါက်မိထားသမျှတင်ပေးပါ့မယ်။
#NOVA_COMPUTER_TRAINIG

Tags, , ,

LAMP Stack on OpenSuSE ( Web Server )

Web Server အကြောင်းကို အရင်ဆုံးနားလည်အောင်ပြောရမယ်ဆိုရင် Web Server မှာ Web Object များကိုသိမ်းဆည်းပေးထားပြီး Client တွေကတောင်းဆိုလာတဲ့ တနည်းအားဖြင့် Request လုပ်လာတဲ့ HTTP Object များကို ပြန်လည်၍ ဖန်းတီးပေးခြင်းကို ပြုလုပ်ပေးပါတယ်။ အကယ်၍ မိမိ၏ Network အတွင်း၌ Web Server ကိုထည့်သွင်းထားပါက ၄င်း Sever အတွင်းရှိ Web Object များကို ပြင်ပ Network ရှိ User များနှင့် မိမိ Network အတွင်းရှိ User ၏ Web Agent ဖြစ်သော Browser များမှ တဆင့် Request လုပ်လိုက်သော HTTP Object များကို ပြန်လည်၍ ဖန်တီးပေးမှာပဲဖြစ်ပါတယ်။

လွယ်လွယ်နဲ့ရှင်းရှင်းပြောရရင်တော့ www.opensusemm.com ဆိုတဲ့ domain name နဲ့ Website တစ်ခုကို မိမိ web server ထဲမှာ

ထည့်ပြီး တည်ဆောက်ထားမယ်ဆိုရင် တခြား Network တူ user တွေကနေ ခေါ်ကြည့် လို့ရအောင် မိမိ Website ကိုတည်ဆောက်ပြီး

Public ပြုလုပ်ဖို့ရာအတွက်အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်။

Step 1: Update Software for openSUSE Leap 42.2

ပထမဆုံးအနေနဲ့ Opensuse 42.2 မှာပါတဲ့ Software တွေကိုတင်ပြီးတာနဲ့ Update ပေးဖို့လို ပါတယ်။ Software Update ပေးဖို့အတွက် –

#zypper update

ဆိုတဲ့ command အတိုင်းသာ update ပေးလိုက်ပါ။

Step 2: Install Apache Web Server

Apache Web Server ကို နောက်တဆင့်အနေနဲ့ install လုပ်ရပါမယ်။ Command အနေနဲ့ကတော့ –

#zypper install apache2

အထက်က command အတိုင်းရိုက်ပြီးသွားရင်တော့ auto install လုပ်သွားပါလိမ့်မယ်။ Install လုပ်တာပြီးသွားပြီဆိုတာနဲ့ အောက်က command အတိုင်းရိုက်ပြီး apache2 service ကို Start လုပ်ပေးရပါမယ်။

#systemctl start apache2

နောက်ထပ်အနေနဲ့ boot တက်လာတိုင်း apache2 service auto start ဖြစ်အောင် အောက်ပါ command အတိုင်းရိုက်လိုက်ပါ။

#systemctl enable apache2

အပေါ်ကအဆင့်တွေကို ပြီးသွားရင်တော့ apache2 service က active ဖြစ်/မဖြစ် ဘယ်လို error တွေရှိနေသလား? ဆိုတာတွေကို check လုပ်ဖို့အတွက် အောက်က command အတိုင်း ရိုက်ပေးရပါမယ်။

#systemctl status apache2

အပေါ်မှာပြထားတဲ့အတိုင်း apache2 service က active running ဖြစ်နေပြီဆိုရင်တော့ apache2 install ပြုလုပ်တဲ့အပိုင်းပြီးပါပီ။pache2 installation အပိုင်းသွားပြီဆိုရင် HTTP အတွက် firewall rule ကို သွားပြင်ပေးရမှာဖြစ်ပါတယ်။

#vi /etc/sysconfig/SuSEfirewall2

ကိုသွားပြီးတော့ SuSEfirewall2 ထဲက

FW_CONFIGURAION_EXT=”apache2 ”

apache2 ဆိုတာလေး ထည့်ပေးလိုက်ပါ။

ထည့်ပြီးသွားပြီဆိုရင်တော့ Save လုပ်ပြီးထွက်လိုက်ပါ။
ပြီးရင် SuSEfirewall2 ကို

#systemctl restart SuSEfirewall2

ဆိုပြီး Restart ပေးလိုက်ပါ။
နောက်ထပ်

#chown wwwrun /srv/www/htdocs/ -R

အတိုင်း wwwrun ဆိုတဲ့ (Apache User) Owner change ပေးရမှာဖြစ်ပါတယ်။

SETP3: Install Mysql Database

Apache2 ပြီးတော့ နောက်ထပ် တစ်ခုဖြစ်တဲ့ mariadb install လုပ်တဲ့အပိုင်းကို ဆက်ပြောပြပေးပါ့မယ်
ပထမဆုံးအဆင့်အနေနဲ့ကတော့ mariadb mariadb-client mariadb-tools စတာတွေကို install လုပ်ပေးရပါမယ် အဲ့ဒီအတွက်တော့

#zypper install mariadb mariadb-client mariadb-tools

ဆိုတဲ့ command အတိုင်းပြုလုပ်ပေးရပါမယ်။

Install ပြီးသွားပြီဆိုတာနဲ့

#systemctl start mysql

Command နဲ့ Start ပြုလုပ်ရမှာဖြစ်ပြီးတော့
Boot time တိုင်းမှာ auto start ဖြစ်နေဖို့အတွက် တော့

#systemctl enable mysql

ဆိုပြီး ရိုက်ပေးရပါမယ်
ပြီးတာနဲ့ မိမိ install ပြုလုပ်ထားတဲ့ mysql ရဲ့အခြေအနေကို

#systemctl status mysql

ဆိုပြီး ခေါ်ကြည့်လိုက်ပါ အောက်ကအတိုင်း active running ဖြစ်နေပြီဆိုရင်တော့ mysql installation အပိုင်းပြီးပါပီ

နောက်ထပ်အနေနဲ့ကျန်နေတာကတော့ Configuration အပိုင်းပါ
မိမိက mysql ကို install ပဲပြုလုပ်ထားတာဖြစ်ပြီးတော့ အသက်မသွင်းရသေးပါဘူး
Mysql ကို အသက်သွင်းဖို့အတွက်

#mysql –u root

ဆိုပြီး တော့ MariaDB ထဲကို Login ၀င်ဖို့ အတွက် password setup ထပ်မံပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အဲဒီတော့ MariaDB ထဲကို Login ၀င်ဖို့အတွက် user ကတော့ root user နဲ့ဝင်မှာဖြစ်ပြီး Password ကတော့ မပေးထားရသေးပါဘူး။
MariDB Login ကို password setup လုပ်ဖို့အတွက်

#mysql_secure_installation

ဆိုတဲ့ command ကိုသုံးပါမယ်။ ပြီးရင်တော့ Enter လို့ပြထားတဲ့နေရာတွေမှာ ဘာမှရိုက်စရာမလိုပဲ Enter ပဲနှိပ်လိုက်ပါ ပြီးရင်တော့
New Password ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒီနေရာမှာတော့ မိမိထည့်ချင်တဲ့ new password ကို setup လုပ်ရမှာပဲဖြစ်ပါတယ်။
နောက်ထပ် အဆင့်တွေကိုတော့ ဒီတိုင်း သာ Enter နဲ့ဆက်သွားလိုက်ပါ။
MariaDB New Password Setup လုပ်ပြီးပြီဆိုရင် MariaDB ထဲကို Login ပြုလုပ်ပါ့မယ်
အဲဒီအတွက် တော့

#mysql –u root –p

ဆိုပြီးရိုက်လိုက်ပါ အဲဒါဆိုရင် MariaDB ကို အသုံးပြုဖို့အတွက် Login ၀င်ရမယ့်နေရာကနေတဆင့် ၀င်လို့ရပါပီ။

Step 4: Install PHP7

#zypper install php7 php7-mysql apache2-mod_php7

ဆိုပြီး php7 ကို install လိုက်ပါ

Install ပြီးပြီဆိုရင်တော့ PHP Module ကို enable ပေးပြီး Apache Web Server ကို Restart လုပ်လိုက်ပါ
Command တွေကို တော့အောက်ကအတိုင်းရိုက်လိုက်ရုံပါပဲ-

#a2enmod php7
#systemctl restart apache2

Step 5: Test PHP

PHP ကို Install ပြီးသွားတော့ ကိုယ် Install လုပ်ထားတဲ့ PHP ကို အလုပ် လုပ်/မလုပ် သိဖို့အတွက်
Test ပြုလုပ်ကြည့်ရအောင်
အဲ့တော့

#vi /srv/www/htdocs/test.php

ဆိုပြီး /srv/www/htdocs/ အောက်မှာ php ဖိုင်လေးတစ်ဖိုင်ဆောက်ပြီး အဲ့ဒီ php ဖိုင်ထဲကို
ဒီ ကုဒ်လေးထည့်ပြီး စမ်းကြည့်လိုက်မယ်

<?php phpinfo (); ?>

ကုဒ်လေးကို ရေးပြီးပြီဆိုရင်တော့
Localhost/test.php ဆိုပြီး Browser ကနေခေါ်ကြည့်ရအောင်

အပေါ်ကပုံအတိုင်း ပေါ်လာတယ်ဆိုရင်တော့ Install လုပ်ထားတဲ့ PHP ဟာ အလုပ်လုပ်နေပါပီ။

STEP 6: Install phpMyadmin (Optional)

#zypper install phpMyAdmin

ဆိုပြီး phpMyAdmin ကို Install လုပ်ပေးလိုက်ပါ
Install ပြီးပြီဆိုတာနဲ့ Apache2 ကို ထပ်ပြီး restart လုပ်ပေးလိုက်ပါအုံး

#systemctl restart apache2

Apache 2 ကို restart လုပ်ပြီးပြီဆိုရင်
မိမိရဲ့ IP address/phpMyAdmin သို့မဟုတ် localhost/phpMyAdmin ဆိုပြီး

Example:
192.168.1.100/phpMyAdmin
Or
Localhost/phpMyAdmin

Browser ကနေခေါ်လိုက်ရင် phpMyAdmin ရဲ့ Login page ကိုရောက်သွားပါလိမ့်မယ်
အဲ့ဒီ Login မှာ mysql မှာတုန်းက setup လုပ်ခဲ့တဲ့ root user နဲ့ ၎င်းရဲ့ password ကိုဖြည့်သွင်းပြီး

phpMyAdmin မှာ Data တွေစသွင်းလို့ရပါပီ ။
ကဲဒါဆိုရင် openSUSE Leap 42.2 မှာ LAMP ကို install ပြုလုပ်တာကို နားလည်လိမ့်မယ်လို့ထင်ပါတယ်။

ဒီတိုင်း ပေါ်လာပြီဆိုရင်တော့ MariaDB root password ထည့်ပြီး phpMyAdmin ထဲကို ၀င်လို့ရပါပီ။
ဒါဆိုရင်တော့ OpenSUSE 42.2 မှာ LAMP Install လုပ်တာ အောင်မြင်ပါပီ။
အောင်မြင်ပြီဆိုတာနဲ့ သင့်ရဲ့ Server ထဲမှာ Web ကို ကိုယ်တိုင်တည်ဆောက်ပြီး local website လေးလုပ်ကြည့်နိုင်ပါတယ်။
(အရင်ကတော့ https://planet.opensuse.org/ မှာ တင်ထားပြီးသားပါ။ https://www.facebook.com/pg/opensusemm/ မှာလည်း တင်ထားပါတယ်…..။ )

Tags, , , , , ,

Linux SysAdmin

Linux System Administration – Batch 5

အခြေခံ basic level ကနေစပြီး သင်ပေးမှာပါ။ အဲ့အတွက်ကြောင့် 48Hr course မဟုတ်ပဲ.. 64Hr course အနေနဲ့ သင်ပေးမှာဖြစ်ပါတယ်။ သိသင့်တဲ့ အခြေခံတွေကို ပိုင်မှ SysAdmin အနေနဲ့  career လမ်းကြောင်းကို ကောင်းကောင်းလျှောက်လှမ်းနိုင်မယ် ပြီးတော့ ကိုယ်ဆက်လျောက်မယ့် လမ်းမှာ လိုအပ်တာတွေကို လေ့လာနိုင်မယ့်knowledge ကောင်းကောင်းရှိစေချင်တာကြောင့် အချိန်ပိုများသွားတာပါ။

ဘာတွေပါလဲဆိုတော့ Linux history အကြောင်းတွေ file system အခြေခံ command တွေ concept တွေ user, group & permissions အကြောင်းတွေ necessary protocol တွေ ပြီးတော့ system admin အနေနဲ့ သိသင့်တဲ့  basic networking အကြောင်းတွေ စတဲ့ basic level knowledge တွေအပြင် SysAdmin အနေနဲ့  enterprise ပိုင်းပဲ သွားသွား Data Center တွေမှာ ဖြစ်ဖြစ် လိုအပ်မယ့် server တွေ (file, mail, NTP, DHCP, DNS, Proxy) ရယ်ပြီးတော့ web server hosting & web security ပိုင်းတွေရယ် virtualization အကြောင်းတွေ containerization ပိုင်းတွေအပြင် NOC ပိုင်းစိတ် ၀င်စားတဲ့ သူပဲ ဖြစ်ဖြစ် ကိုယ့် ရုံးnetwork တွေ server တွေကို စောင့်ကြည့်ချင်တာပဲ ဖြစ်ဖြစ် သိဖို့လိုအပ်တဲ့  Network monitoring tools တွေ monitoring system တွေ အကြောင်းပါမယ် ပြီးတော့ logs analyzing and managing ပိုင်းတွေ ပါတယ်.. အသေးစိတ်ကိုတော့အောက်မှာ ရေးပေးထာပါတယ်

Location – Mandalay, 24 road, btw 82*83.

Duration – Sat/sun ( 1PM to 5PM)

8Hr/perweek

Fee -210,000 MMK

Early Bird (5 Person) – 180,000

Linux Server Administration Course

Linux Fundamental

Day 1

Linux Overview

Build Linux Lab

VirtualBox Overview

Vmware Overview

Install OpenSuSE Linux on virtualbox

Install OpenSuSE Linux on Virtual Machine

Connect to Linux through putty

Day 2

Linux Command Lines

List Files and Directories

Create/Delete/Move/Copy/Rename/View/Compression/Archive/Soft Links/Hard Links

Text Editor ( Vi Text Editor) Usage

System monitoring ( top, w, vmstat, ps, free, iostat, sar, mpstat, netstat, ss, tcpdump, htop, etc)

Day 3

Users, Groups and Permissions

Users and Groups

Files and Directory Permission

String Processing and Finding Files

String Processing ( head , tail ,wc, sort , cut ,paste )

String Process ( grep, awk, Sed, Find and Locate )

Package Management

Installing Packages Using Yast2

Installing Packages Using zipper

Installing Packages Using RPM

Day 4

Network Configuration

Networking Basic

OSI 7 Layer

Configure Network with Network Manager Command Line

Network Tools

Network Topology

Network Clients (ssh , scp , ftp ,wget)

Rsync

Basic Bash Shell

Shell Scripting

develop and Maintain service & server with Bash Script

Job Management

Day 5

Security

Securing Shell (Change default port, Prevent root access)

Securing Shell (Public/Private Keys)

Securing shell ( managing ip allow and deny )

Install & Configuring anti viruses (ClamAV and LMD)

IPtables

Firewall

Server Series

Day 6

Setting Up own NTP Server

Setting Up own DHCP Server

Setting Up own File Server

Day 7

Setting Up own DNS Server

Day 8

Setting Up own Web Server

Named Based Virtual Hosts

SSL/TLS ( HTTPs )

Setting UP Mod_Security

Day 9

Setting Up own Proxy Server

Day 10

Setting Up own Mail Server

Day 11

Containerization

Docker Concept and Docker Machine

Build an image

Run it as one container

Manage Application and Server on Docker

Virtualization Fundamental

Day 12

Server/Network Monitoring

Setting Up Cacti Monitoring tool

Nagios Core System

And Best practice (Handon exp)

Day 13

Setting Up IDS/IPS ( SNORT )

Day 14

Analyzing and Managing Logs

SSH Server And It’s Security

Log Rotate

Linux Security

Linux Troubleshooting

Day 15

Revision

Day 16

Exam

Day 17

Closing Ceremony

Tags, , , ,

Cyber Forensics – Part 1

What is Cyber Forensics ?

CERT ကနေအဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့ …. Network or information System တစ်ခုကို ကိုင်တွယ်နေရသူတစ်ယောက်ဟာForensics အခြေခံကို နားလည်ရမယ်လို့ ဆိုပါတယ်။ ပိုမိုပြည်စုံအောင်ဖွင့်ဆိုမယ်ဆိုရင်သိပ္ပံနည်းပညာဆိုင်ရာအချက်အလက်တွေကို အသုံးချပြီး အချက်အလက်တွေကိုစစ်ဆေးခြင်းသက်သေတွေကိုစုစည်းခြင်းတို့ဖြစ်ပါတယ်။ သက်သေတွေကို စုစည်းခြင်း ဆိုတာကတော့ DNA fingerprint တို့ကို စစ်ဆေး စုစည်းခြင်းကဲ့သို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာကတော့ data တွေကို စစ်ဆေးပြီး သက်သေ ခံရှာဖွေခြင်းဖြစ်ပါတယ်။

Forensics မှာ အဓိက လုပ်ငန်းကတော့ ငုပ်လျှိုးနေတဲ့ အချက်အလက်တွေကို ရှာဖွေဖော် ထုတ်ခြင်းဖြစ်ပါတယ်။ဖော်ထုတ်တယ်ဆိုတာမှာ RECOVERY လုပ်ခြင်းအပိုင်းအပါအ၀င် နည်းအမျိုးမျိုးရှိပါတယ်.။ ဥပမာ… ကွန်ပျူတာပေါ်မှာကျန်ခဲ့တဲ့ လက်ဗွေ… DNA ယူခြင်းဟာလည်း Forensics အပိုင်းမှာပါဝင်ပါတယ်။ CyberForensicsမှာအဓိကအချက်၂ရှိပါတယ်။
ပထမအချက်
ဖမ်းဆည်ရမဲ့သူဟာ…. ဖမ်းဆည်းနေချိန်မှာ Electronic Device ကိုအသုံးပြုနေပြီး ဘာတွေလုပ်ဆောင်နေသလဲ ဥပမာ online လောင်းကစားလုပ်နေတာလား စသည်ဖြစ်ပေါ့ …. ပြီးရင် Website ကိုအသုံးပြုပြီးလုပ်ဆောင်နေတာလား Software ကိုအသုံးပြုပြီးလုပ် ဆောင်နေတာ လားဆိုတာ ကြည့်ရပါမယ်။ Electronic Deviceဆိုသည်မှာ PC, Laptop, Tablet, mobile phone, GPS, CD, DVD, SD Card, USB, Router, Switch, Server, IoT device စသည်ဖြင့် ပါဝင်ပါတယ်…. (ဘာလို့ Internet of things (IOT) ကို ထည့်ရသလဲဆိုရင် IoT device တွေပေါ်ကနေ crime ကျူးလွန်နိုင်လို့ဖြစ်ပါတယ် …
အချို့သော နိုင်ငံတွေရဲ့ Cyber Law မှာ IOT Device အတွက်ပါ ထည့်သွင်းရေးဆွဲထားတာကို တွေကရှိရပါသည်။)

ဒုတိယအချက်
ပထမအချက် လုပ်ဆောင်ချက်တွေကို စစ်ဆေးပြီး တရားရုံးသို့ တင်နိုင်မဲ့ သက်သေခံယူရမှာဖြစ်ပါတယ်…အရေးကြီးတဲ့အချက် ၂ ချက်ကျန်ပါသေးတယ်။

ပထမ

စစ်ဆေးပြီး သက်သေခံရှာဖွေပြီး တာနဲ့မပီးသေးပါဘူး သက်သေခံ Device ကို မပျက်စီးအောင်သိမ်းဆည်းရမှာဖြစ်ပါတယ်…စစ်ဆေးတဲ့နေရာမှာလဲ သိမ်းဆည်းထားတဲ့ မူရင်း Device ကိုမပျက်စီးစေပဲ  ဘယ်လိုထိမ်းသိမ်းမှာလဲ ဘယ်လိုမှတ်သားထားမှာလဲ Case အလိုက်ရက်စွဲအလိုက်မှတ်သားထားမှာလား?
ဘယ်သူက ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုနည်းလမ်းအသုံးပြုပြီး စစ်ဆေးမှာလဲဆိုတာကိုလဲ …အသေးစိတ် မှတ်တမ်းထားရှိရမှာဖြစ်ပါတယ်။

(သိမ်းဆည်စဉ်မှာ အခြေအနေအရ စစ်ဆေးတာ သက်သေယူတာက
မပြီးသေးဘူးဆိုရင် … Device ကို Power ပိတ်ယူမှာလား …ဖွင့်ယူမှာလား ….ရှိပါသေးတယ် .. Computer Forensic အပိုင်းကျမှ အသေးစိတ်ဖြစ်အောင် ရေးသားပါမယ်)

ဒုတိယ….
ရရှိလာတဲ့သက်သေတွေကို ရှင်းရှင်းလင်းလင်း ခိုင်ခိုင်လုံလုံဖြစ်အောင်ရေး မယ် … ပြီးရင် သက်သေခံ Device နဲ့တစ်ကွ တရားရုံကို တင်မယ် ..

နောက် post တွေမှာ Example ပုံစံတွေ …. အသေးစိတ်လိုက်နာရမဲ့အပိုင်းတွေ စစ်ဆေးရမဲ့နည်းလမ်းတွေ(အကျဉ်းချုပ်ပေါ့)ကိုရေးသားပေးပါမယ်..

Hypothesis လို့ခေါ်တဲ့ ထင်မြင် ယူဆချက်အကြောင်းလာပါပြီ …..

Case တစ်ခုအတွက်ဖမ်းဆီးပြီး သက်သေခံ Device (Laptop ပဲဆိုကြပါစို့) ကိုသိမ်းထားလိုက်ပြီး
ဥပမာ … ကလေးသူငယ်ပုံတွေကိုတင်ပြီး အွန်လိုင်းကနေ လိင်အကြမ်းဖက်လုပ်ဆောင်တဲ့အမှုပေါ့ ….

လုပ်ဆောင်တဲ့သူကဒီလူပဲဆိုတာလဲသေချာသလောက်ရှိနေပြီး…. laptop ကိုအသုံးပြုပြီး ပြစ်မှုကျူးလွန်တယ်လို့လဲယူဆတယ်….ခက်တာကသိမ်းဆည်းမိတဲ့LaptopကWindow ပြန်တင်ထားတာမကြာသေးဘူး ….. ….ကဲယူဆချက်တော့ရှိပြီးသက်သေခံအချက်အလက်ကမရသေးဘူး…ကဲ.. ဘာလုပ်မလဲ …. laptop အသုံးပြုထားတဲ့ Time … Window ပြန်တင်ထားတဲ့အချိန်ကို ကြည့်မယ် …. ပြီးရင် …. Storage Device ဖြစ်တဲ့ Hard Disk ဒါမှမဟုတ် SSD ပေါ့  …. အဲဒါတွေရဲ့ Power On Time စစ်မယ် …
HD or SSD ၇ဲ့ Health ကိုစစ်မယ် …. စစ်ဆေးနေတုန်း… HD ကြွသွားရင် လုံးဝအဆင်မပြေနိုင်ဘူးလေ….

အရေးအကြီးဆုံးအချက်ကတော့ … မူရင်း HD or SSD ကနေ Clone ယူပြီး စစ်ဆေးတာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ် …ဒါမှ သက်သေခံလဲ မပျက်စီးပဲ တရားရုံးမှာပြနိုင်မယ် ….

အခြေအနေအရ clone ပဲယူယူ .. မူရင်းကိုပဲစစ်စစ် …. Recovery တွေ Undelete နည်းလမ်းတွေနဲ့အဆင်မပြေဘူး ….ကဲ … ဘာလုပ်မလဲ ထင်မြင်ယူဆတာနဲ့လွဲနေပြီး …. ဒါဆိုရင် ကိုယ်က ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီးပြီးလဲ ….နောက်ထပ် သိပ္ပံနည်းကျ ဘယ်လိုနည်းလမ်းတွေကို အသုံးချပြီး သက်သေခံရအောင်ယူမလဲ …. မိမိကျွမ်းကျင်မှု အလိုက်အသုံးချရမှာဖြစ်ပါတယ် …….

Author – Aung Zaw Myo

Tags, , , , ,

docky

Dock Application: Docky

ဒီနေ့ ကျွန်တော်ရေးချင်တာလေးကတော့ openSuSE အသုံးပြုသူတွေအတွက် Trick လေးတစ်ခုပါ။ OpenSuSE 42.2 ရဲ့ GNOME Desktop မှာ Dock bar လေးဟာ ဘယ်ဘက်မှာ Default အနေနဲ့ ကပ်ပြီးပေါ်ပါတယ်။ အဲဒါဆို Dock လေးကိုတခြားနေရာတွေကို ရွေ့ဖို့ဆို အဆင်မပြေတာတွေ့ရပါလိမ့်မယ်။ အချို့ Linux Distro တွေမှာတော့ Dock Bar လေးကို Right click ထောက်ပြီး Bottom, Top, Right စသည်ဖြင့် ရွေ့လို့ရပါတယ်။ သို့ပေမယ့် openSuSE 42.1 မှာတော့ အဆင်မပြေပါဘူး။ Right Click ပေးပေမယ့် တက်မလာပါဘူး။ အဲဒါကို အဆင်ပြေအောင်ဆို GNOME Dock မှာ ==> ON လိုက်ပါ။
အဲဒါဆို Dock မှာ Right Click ထောက်ပြီး လိုရာကို ရွေ့နိုင်ပါပြီ။

နောက်တစ်နည်းကတော့ ပုံထဲကလို ဒီဇိုင်းလှလှလေးနဲ့ မြင်ချင်တယ်ဆိုရင်တော့

openSuSE software မှာ Docky ဆိုတဲ့ one click install ဖိုင်လေးကို Download လုပ်လိုက်ပါ။

သူ့ကို Run ပြီး လိုချင်တဲ့ Setting လေးကို ချိန်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
Docky မှာ Application တွေကို pin လုပ်ထားချင်ရင်တော့ လုပ်ချင်တဲ့ Application ကို ဖွင့်ပါ ပြီးရင် Right Click => Pin to Docky ဆိုရင် ရပါပြီ ခင်ဗျာ။

By Nova

Ref: google.com, software.opensuse.org

Tags, , , , ,